ဂျကာတာ၊အောက်တိုဘာ ၂၅
အရှေ့တောင်အာရှ၏ စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံဖြစ်သည့် အင်ဒိုနီးရှားသည် BRICS တွင်ပါဝင်ရန် ရည်ရွယ်ချက်ရှိကြောင်း တရားဝင်ထုတ်ဖော်ပြောကြားခဲ့ပြီး BRICS အဖွဲ့သည် ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုအားကောင်းစေရန် အရေးကြီးသော ပလက်ဖေါင်းတစ်ခုဖြစ်သည်ဟုလည်းဆိုသည်။
အဆိုပါရည်ရွယ်ချက်ကို ရုရှားနိုင်ငံခါဇန်မြို့၌ကျင်းပသည့် BRICS ထိပ်သီးအစည်းအဝေးတွင် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုဂျီယိုနိုက တင်ပြခဲ့သည်။
” BRICS ကိုဝင်ရတဲ့ ရည်ရွယ်ချက်က ကျွန်တော်တို့ရဲ့ လွတ်လပ်ပြီးတက်ကြွတဲ့နိုင်ငံခြားရေးမူဝါဒ အရပါ” ဟုလည်း အင်ဒိုနီးရှား၏ သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
BRICS ၏ ဦးစားပေးကဏ္ဍများဖြစ်သည့် စားနပ်ရိက္ခာနှင့်စွမ်းအင်ဖူလုံရေး၊ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအချက်များသည် အင်ဒိုနီးရှားသမ္မတပရာဘိုဝို၏ ရည်မှန်းချက်များနှင့် နီးစပ်ကိုက်ညီကြောင်း ၎င်းကပြောကြားခဲ့သည်။
ထို့ပြင် BRICS သည် ကမ္ဘာ့တောင်ဘက်ခြမ်း နိုင်ငံများ၏ ဘုံအကျိုးစီးပွားကို ဆွေးနွေးရန်နှင့်တိုးတက်ရေးအတွက် သင့်လျော်သောအဖွဲ့အစည်းအဖြစ် ရှုမြင်သည်ဟုလည်း ဆိုဂျီယိုနိုကပြောကြားခဲ့သည်။
Source : ရှင်းဟွာ
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
