မြန်မာ့လက်ရွေးစင် ကနူး/ကယက် ကစားသမားများသည် ဗီယက်နမ်ဆီးဂိမ်းစ် ပြိုင်ပွဲအကြိုပြင်ဆင်မှုအဖြစ် ပြည်ပနိုင်ငံတွင် သွားရောက်လေ့ကျင့်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်သည် ၂၀၂၁ ဗီယက်နမ်ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ထည့်သွင်းကျင်းပမည့် အပြည်ပြည်ဆိုင်ရာလှေနှင့် ကနူး/ကယက်ပြိုင်ပွဲအမျိုးအစား နှစ်မျိုးစလုံး တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး မတ်လ ဆန်းပိုင်းကတည်းက စခန်းဝင်လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသည်။ ဆီးဂိမ်းစ်ပြိုင်ပွဲယှဉ်ပြိုင် မည့် အားကစားနည်းအချို့ကို ပြည်ပနိုင်ငံ များတွင် သွားရောက်လေ့ကျင့်ရန် စီစဉ်ထား ပြီး ကနူး/ကယက်ကစားသမားများမှာ တရုတ် နိုင်ငံတွင် သွားရောက်လေ့ကျင့်ရန် စီစဉ်ထားခြင်းဖြစ်သည်။
"ဆီးဂိမ်းစ်ပြိုင်ပွဲယှဉ်ပြိုင်ဖို့ စခန်းဝင်လေ့ကျင့်နေတဲ့ ကစားသမားတွေထဲက ကနူး/ကယက်ကစားသမားတွေကို တရုတ် နိုင်ငံမှာ သွားရောက်လေ့ကျင့်ဖို့ စီစဉ်ထားပါတယ်။ အုပ်ချုပ်/နည်းပြကစားသမား ၂၀ ကျော် သွားရောက်မှာဖြစ်ပြီး ကာလရှည်သွားရောက်မှာဖြစ်ပါတယ်။ ကစားသမား ၁၇ ဦး လောက် သွားရောက်လေ့ကျင့်ဖို့ စီစဉ်ထားပါတယ်။ ကျွန်တော်တို့က ပြီးခဲ့တဲ့ ဖိလစ်ပိုင် ဆီးဂိမ်းစ်ပြိုင်ပွဲပြီးကတည်းက နိုင်ငံတကာ ပြိုင်ပွဲတွေ မယှဉ်ပြိုင်ခဲ့ရတဲ့အပြင် စခန်းဝင် လေ့ကျင့်မှုကိုလည်း တစ်နှစ်ကျော်လောက် ပြတ်ပြီး အခုနှစ် မတ်လမှာ စတင်လေ့ကျင့် နိုင်တာကြောင့် ပြည်ပအတွေ့အကြုံရအောင် သွားရောက်တာဖြစ်ပါတယ်" ဟု မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
မြန်မာလှေလှော်အဖွဲ့သည် ၂၀၁၉ ဖိလစ်ပိုင်ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ရွှေတံဆိပ် တစ်ခု၊ ငွေတံဆိပ်သုံးခု၊ ကြေးတံဆိပ်လေးခု ဆွတ်ခူးရရှိခဲ့ပြီး ကနူး/ကယက်ပြိုင်ပွဲအမျိုး အစားမှ ငွေတံဆိပ်နှစ်ခု ရယူနိုင်ခဲ့သည်။ မြန်မာလှေလှော်အဖွဲ့ အားသာသည့် ရိုးရာလှေပြိုင်ပွဲအမျိုးအစားမှာ လာမည့်ဆီးဂိမ်းစ် ပြိုင်ပွဲတွင် ပါဝင်ခြင်းမရှိသောကြောင့် မြန်မာ လှေလှော်အဖွဲ့အနေဖြင့် ကနူး/ကယက်နှင့် အပြည်ပြည်ဆိုင်ရာလှေပြိုင်ပွဲတို့မှသာ ဆုတံဆိပ်ရယူနိုင်ရန် ကြိုးပမ်းရမည်ဖြစ်သည်။ ကနူး/ ကယက်ပြိုင်ပွဲမှရရှိသည့် ငွေတံဆိပ် နှစ်ခုကို အမျိုးသား မီတာ ၂၀၀ C1 ပြိုင်ပွဲမှ မျိုးလှိုင်ဝင်း၊ အမျိုးသား မီတာ ၁၀၀၀ C2 ပြိုင်ပွဲမှ စိုင်းမင်းဝေနှင့် အောင်ဖြိုးဟိန်းအတွဲ တို့က ရယူနိုင်ခဲ့ခြင်းဖြစ်သည်။
မြန်မာလှေလှော်အဖွဲ့သည် ဆီးဂိမ်းစ် ပြိုင်ပွဲအတွက် ပဏာမကစားသမား ၃၀ ကျော် ဖြင့် စခန်းဝင်လေ့ကျင့်လျက်ရှိပြီး ဆီးဂိမ်းစ် ပြိုင်ပွဲတွင်ယှဉ်ပြိုင်မည့် ပြိုင်ပွဲအမျိုးအစားများကိုမူ ကစားသမားများ၏စံချိန်အပေါ် မူတည်၍ ရွေးချယ်သွားမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်ကစားသမားများကို ပြည်တွင်းနည်းပြဆရာများက တာဝန်ယူလေ့ကျင့်ပေးလျက်ရှိပြီး ၂၀၁၉ ဆီးဂိမ်းစ်ပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့သည့် ကစားသမားအများစု ပြန်လည်ပါဝင်လာကြောင်းသိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
