နော်ဝေကြယ်ပွင့်တိုက်စစ်မှူး ဟော်လန်း၏ အပြောင်းအရွှေ့သတင်းများ ကျယ်ပြန့်စွာ ထွက်ပေါ်နေသော်လည်း လာမည့်ရာသီတွင် ဆက်ရှိနေမည်ဖြစ်ကြောင်း ဒေါ့မွန်အသင်း အားကစားဒါရိုက်တာ ဆီဘက်ရှန်ခါးလ်က သုံးသပ်ပြောကြားသည်။
အသက် ၂၀ သာရှိသေးသည့် ဟော်လန်း၏စာချုပ်မှာ ၂၀၂၄ ခုနှစ်အထိ ကျန်ရှိနေသေးပြီး စာချုပ်လျော်ကြေး ပေါင် ၆၅ သန်းဖြင့် ထွက်ခွာခွင့်ရမည့်အချက်မှာလည်း လာမည့် ၂၀၂၂ ခုနှစ် နွေရာသီမှသာ အသက်ဝင်မည် ဖြစ်သည်။
သို့သော် ယခုရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲတွင် ၁၀ ဂိုးသွင်းယူထားပြီး ဂိုးအများဆုံး ကစားသမားအဖြစ် ရပ်တည်နေသည့် ဟော်လန်းကို ရီးယဲလ်မက်ဒရစ်၊ ဘာစီလိုနာ၊ မန် စီးတီး၊ မန်ယူ၊ ချယ်လ်ဆီးစသည့် ဥရောပ ထိပ်တန်းကလပ်များစွာက ပစ်မှတ်ထားနေ ပြီး ၎င်း၏အေးဂျင့်ဖြစ်သူ ရိုင်ယိုလာကလည်း ရီးယဲလ်နှင့် ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့နိုင်ကြောင်း အရိပ်အမြွက်ပြောကြားထားသည်။
ယင်းသတင်းများနှင့်ပတ်သက်၍ ဆီဘက်ရှန်ခါးလ်က "အာလင်းဟော်လန်းက ရာသီသစ်မှာ ဘိုရပ်ရှားဒေါ့မွန်အတွက်ပဲ ကစားလိမ့်မယ်လို့ ကျွန်တော်နားလည်ထားပါတယ်။ အာလင်းကလည်း ဒါကို သဘောတူပါ တယ်။ ကျွန်တော်က နေ့တိုင်း သူ့ကိုမြင်နေရ တာပါ။ သူက အသင်းနဲ့အတူ အပြည့်အဝ မြှုပ်နှံထားတယ်ဆိုတာ ကျွန်တော်ပြောနိုင်ပါ တယ်" ဟု Sport 1 ရုပ်သံသို့ ပြောကြားခဲ့သည်။
ဟော်လန်းအား ခေါ်ယူလိုသည့်အသင်းများအနေဖြင့် ပေါင်သန်း ၁၅၀ အပြင် အပိုထပ်ဆောင်းပမာဏ ပေးချေရဖွယ်ရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
