ဝက်စ်ဟမ်းအသင်းနည်းပြ ဒေးဗစ်မွိုက်စ်က မိမိအသင်းအနေဖြင့် လာမည့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်ရရှိရန် မျှော်လင့်နေလျက်ရှိကြောင်း ဘန်လေအသင်းအား (၂-၁)ဂိုး ဖြင့်အနိုင်ရသည့် ပရီးမီးယားလိဂ်အဝေးကွင်း ပွဲစဉ်အပြီးတွင် ပြောကြားခဲ့သည်။
ဝက်စ်ဟမ်းအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ်-၃၄ အပြီးတွင် အမှတ်ပေးဇယား၌ အဆင့်ငါးနေရာ ရပ်တည်လျက်ရှိပြီး အဆင့်လေးနေရာမှ ချယ်လ်ဆီးအသင်းနှင့် သုံးမှတ် အကွာ၌ ရှိနေသည်။ ဒေးဗစ်မွိုက်စ်က ဥရောပ၏အဆင့်မြင့်ဆုံးပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရန်အတွက် လက်ကျန်ပွဲစဉ်အားလုံးကို အနိုင်ကစားနိုင်မည်ဟု ယုံကြည်လျက်ရှိနေပြီး အနည်းဆုံး ယူရိုပါလိဂ်ဝင်ခွင့်မှ မရယူ နိုင်လျှင် စိတ်ပျက်စရာကောင်းလိမ့်မည်ဟု လည်း သုံးသပ်ခဲ့သည်။
ဝက်စ်ဟမ်းအသင်းသည် ပရီးမီးယားလိဂ်လက်ကျန် လေးပွဲတွင် အဲဗာတန်နှင့် အိမ်ကွင်း၊ ဘရိုက်တန်နှင့် အဝေးကွင်း၊ ဝက်စ်ဘရွန်းနှင့် အဝေးကွင်း၊ ဆောက်သမ်တန်းနှင့် အိမ်ကွင်းပွဲများ ကစားရမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ဝက်စ်ဟမ်းအသင်းနှင့် အနီးကပ်ဆုံးဖြစ်နေသည့် ချယ်လ်ဆီးမှာမူ လက်ကျန်ပွဲများ၌ မန်စီးတီး၊ အာဆင်နယ်၊ လက်စတာ၊ အက်စတွန်ဗီလာအသင်းများနှင့် ပွဲကျပ်များကစား ရဖွယ်ရှိနေသည့်အပြင် အခြားတစ်ဖက်တွင် လည်း ချန်ပီယံလိဂ်နှင့် FA ဖလားပွဲစဉ်များ ကစားရမည်ဖြစ်သည်။
ဝက်စ်ဟမ်းအသင်းသည် ဥရောပပြိုင်ပွဲ နောက်ဆုံးပြိုင်ပွဲဝင်မှု အဖြစ် ၂၀၁၆-၁၇ ရာသီက ယူရိုပါလိဂ်၌ ပါဝင်ယှဉ်ပြိုင်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
