PDF အဖွဲ့များထံ ငွေကြေးထောက်ပံ့မှုဖြင့် ရန်ကင်းမြို့နယ်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း စုံစမ်းသိရှိရသည်။
PDF အဖွဲ့များထံ ငွေကြေးထောက်ပံ့နေသည့် ရန်ကင်းမြို့နယ် ရန်ရှင်းလမ်း Sky Suites ကွန်ဒို (၁၅)လွှာ အခန်းအမှတ်(၂၃)တွင် နေထိုင်သည့် ဒေါ်ယဉ်ယဉ်မြင့်အား အောက်တိုဘာ ၂၄ ရက်တွင် ရန်ကင်း ရဲစခန်း၌ အမှုဖွင့်ဖမ်းဆီးခဲ့ကြောင်းသိရသည်။
ဒေါ်ယဉ်ယဉ်မြင့်သည်၂၀၂၃ ခုနှစ် ဧပြီမှ၂၀၂၄ ခုနှစ်စက်တင်ဘာလအထိ PDF အဖွဲ့များဖြစ်သည့် မြင်းခြံ PDF၊ ဘားအံရှိ BPLA အဖွဲ့၊ To Comrades အဖွဲ့များသို့ ငွေကြေးထောက်ပံ့မှုများပြုခဲ့ခြင်းကြောင်း၊ ထိုသို့ ထောက်ပံ့ရာတွင် ဒေါ်ယဉ်ယဉ်မြင့်သည် မြင်းခြံ PDF အတွက်အလှူခံပြီး Myat Lay Yon အမည်ရှိ K Pay အကောင့်သို့ ကျပ်တစ်သိန်း၊ BPLA အဖွဲ့အတွက် ဇူလိုင် ၅ ရက်တွင်ကျပ်ငါးသိန်း၊ To Comrades အဖွဲ့သို့ ဇူလိုင် ၂၄ ရက်တွင်ကျပ်နှစ်သိန်း၊ သြဂုတ်၂ ရက်တွင်အိမ်ပြန်ခရီးကမ်ပိန်းအတွက် ကျပ်ငါးသိန်းတို့ကို ယဉ်ယဉ်မြင့်၏ K Pay အကောင့်မှ ပေးပို့ခဲ့ကြောင်း စစ်ဆေးတွေ့ရှိကြောင်း သိရသည်။
သို့ဖြစ်၍ ဒေါ်ယဉ်ယဉ်မြင့် အား ရန်ကင်းမြို့မရဲစခန်းတွင် အောက်တိုဘာ ၂၄ ရက်တွင်အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည) ဖြင့် အမှုဖွင့်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
