မန်ယူအသင်းပိုင်ရှင် ဂလေဇာမိသားစုသည် အသင်းအား လက်ရှိတန်ကြေး၏ (၂)ဆကျော်ပမာဏဖြစ်သော ပေါင် (၇)ဘီလီယံအထိ တန်ကြေးရှိလာစေရန် ကြိုးစားသွားမည်ဖြစ်ကြောင်း ဗြိတိန်သတင်းစာ Guardian က ဖော်ပြခဲ့သည်။
လက်ရှိ ဥရောပကလပ်အသင်းများ၏ တန်ဖိုးသတ်မှတ်ချက်များအရ မန်ယူအသင်း၏ တန်ကြေးမှာ ပေါင် (၃.၀၅)ဘီလီယံခန့်ရှိကြောင်း သိရှိရသည်။
ဂလေဇာညီအစ်ကိုများအနေဖြင့် အသင်း၏တန်ဖိုး တဖြည်းဖြည်းမြင့်တက်လာစေရန် ကြိုးပမ်းသွားမည်ဖြစ်ပြီး ကမ္ဘာပေါ်တွင် ပေါင် (၇)ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ)တန်ကြေးရှိသည့် ပထမဆုံးအသင်းဖြစ်လာစေရန် ရည်ရွယ်ထားကြောင်းသိရှိရသည်။
လက်ရှိတွင် မန်ယူအသင်းအားပေးသူပရိသတ်များက ဂလေဇာမိသားစုအား အသင်းနှင့်လမ်းခွဲစေရန် ဖိအားပေးမှုများ ပြုလုပ်နေပြီး ဆန္ဒပြတောင်းဆိုမှုများကို အရှိန်မြှင့်နေသော်လည်း ဂလေဇာမိသားစုအနေဖြင့် မန်ယူအသင်းကို လက်လွှတ်ရန် မစဉ်းစားထားကြောင်း Guardian က ဖော် ပြခဲ့သည်။
၎င်းတို့အနေဖြင့် မန်ယူအသင်းကို ရေရှည်ချုပ်ကိုင်သွားရန် ရည်ရွယ်ထားပြီး အသင်းတန်ဖိုး တဖြည်းဖြည်းမြင့်တက်လာရေးကိုသာ အာရုံစိုက်နေကြောင်း သိရှိရသည်။
ဂလေဇာမိသားစုသည် မန်ယူအသင်းကို ၂၀၀၅ ခုနှစ်တွင် စတင်ဝယ်ယူခဲ့ပြီး ထိုစဉ်က အသင်း၏တန်ဖိုးမှာ ပေါင်သန်း (၇၉၀)သာရှိခဲ့သည်။
သို့ဖြစ်ရာ မန်ယူအသင်းအနေဖြင့် (၁၆)နှစ်အတွင်း တန်ဖိုး (၄)ဆနီးပါးမြင့်တက်လာခဲ့ပြီး မကြာသေးမီက ဂလေဇာမိသားစုသည် ပေါင် (၄)ဘီလီယံရရှိပါက အသင်းအားရောင်းချဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။ သို့သော် ဂလေဇာမိသားစုအနေဖြင့် အသင်းအား မည်ရွေ့မည်မျှရရှိလျှင် ရောင်းချမည်ဆိုသည့် ပြောဆိုမှုများကို တရားဝင်ထုတ်ပြောခြင်းမရှိဘဲ အသင်းအား ဆက်လက်ချုပ်ကိုင်ထားလိုသည့် ၎င်းတို့၏သဘောထားကိုသာ ပြသခဲ့သည်။
ထို့ပြင် ပြီးခဲ့သည့် တနင်္ဂနွေနေ့က ဂလေဇာဆန့်ကျင်သောလှုပ်ရှားမှုများအတွက် အိုးလ်ထရက်ဖို့ဒ်ကွင်းအတွင်းသို့ အကြမ်းဖက်ဝင်ရောက်ခဲ့သည့် ပရိသတ်များကိုလည်း အရေးယူမှုပြုလုပ်ရန် ဂလေဇာမိသားစုက စီစဉ်လျက်ရှိနေကြောင်း ဗြိတိန်မီဒီယာများကဖော်ပြခဲ့သည်။
ယခုအခါ ဂလေဇာမိသားစုသည် အိုးလ်ထရက်ဖို့ဒ်ကွင်း၏ လုံခြုံရေးစနစ်များအား ပြန်လည်ဆန်းစစ်လေ့လာမှုများပြုလုပ်လျက်ရှိနေကြောင်း သိရှိရသည်။
ယင်းနေ့က မန်ယူ - လီဗာပူးလ်ပွဲပျက်စေရန် အကြမ်းဖက်ခဲ့ကြသည့် ပရိသတ်များအား ပွဲကြည့်ခွင့်ပိတ်ပင်သည့် ပြစ်ဒဏ်များချမှတ်ရန် မန်ယူအသင်းက စီစဉ်နေကြောင်း Euro Sport သတင်းဌာနက ဖော်ပြခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
