အာဆင်နယ်အသင်းနည်းပြ အာတီတာသည် လာမည့်ရာသီအစထိ သူ၏နည်းပြရာထူးနေရာ တည်မြဲနေမည်ဖြစ်ကြောင်း ဗြိတိန်မီဒီယာများကဖော်ပြခဲ့ကြသည်။
talks SPORT သတင်းဌာန၏ ဖော်ပြချက်အရ အာဆင်နယ်အသင်းတာဝန်ရှိသူများသည် အာတီတာကို လာမည့်ရာသီပွဲစဉ် (၁၀)ပွဲအထိစောင့်ကြည့်ပြီးမှ သူ၏ အနာဂတ်အတွက် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
အာဆင်နယ်အသင်းဘုတ်အဖွဲ့သည် လာမည့်နွေရာသီတွင် အာဆင်နယ်အသင်းအား စိတ်ကြိုက်ပြင်ဆင်ရန် အာတီတာကို ခွင့်ပြုချက်ပေးသွားမည်ဖြစ်ပြီး ကစားသမားသစ် ခေါ်ယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ၊ ယင်းကဲ့သို့ အခွင့်အရေးပေးခဲ့သည့်တိုင် အာတီတာအနေဖြင့် ရာသီအစတွင် အသင်းကို ရလဒ်ကောင်းများရရှိအောင် မစွမ်းဆောင်နိုင်ခဲ့ပါက ပွဲစဉ်(၁၀)အပြီးတွင် ၎င်းနှင့် လမ်းခွဲရန် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း talks SPORT က ဖော်ပြခဲ့သည်။
အာဆင်နယ်အသင်းသည် ပြီးခဲ့သည့်ရာသီက အာတီတာ၏လက်အောက်တွင် ပရီးမီးယားလိဂ်အဆင့် (၈)သာရရှိခဲ့သလို၊ ယခုရာသီတွင်လည်း ပရီးမီးယားလိဂ်ပွဲစဉ်(၃၄)ပွဲ ကစားပြီး ရမှတ် (၄၉)မှတ်ဖြင့် အဆင့် (၉)နေရာ၌ ရပ်တည်နေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
