လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ထိပ်ဆုံး(၄)သင်းစာရင်းဝင်သော်လည်း ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်နှင့် လွဲချော်မည့်အခြေအနေမှာ အလွန်လက်ခံရန် ခက်ခဲသောအခြေအနေဖြစ်သည်ဟု ဝန်ခံပြောကြားခဲ့သည်။
ယခုရာသီပရီးမီးယားလိဂ်ပြိုင်ပွဲတွင် လက်ရှိချန်ပီယံ လီဗာပူးလ်အသင်းမှာ ချန်ပီယံဆုပြန်လည်ရယူရန် မဖြစ်နိုင်တော့ဘဲ လာမည့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ထိပ်ဆုံး (၄)သင်းစာရင်းဝင်ရောက်နိုင်ရေးသာ ကြိုးပမ်းနေရသည်။
သို့သော် လီဗာပူးလ်အသင်းအနေဖြင့် ပရီးမီးယားလိဂ်အဆင့်(၄)နေရာရရှိသည့်တိုင် လာမည့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်လွဲချော်မည့် ဖြစ်နိုင်ခြေတစ်ရပ်ရှိနေသည်။
ဥရောပပြိုင်ပွဲ(၂)ခုဖြစ်သော ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်ပြိုင်ပွဲများတွင် အင်္ဂလန်ကလပ်အသင်း(၄)သင်းမှာ ဆီမီးဖိုင်နယ်အဆင့်သို့ ရောက်ရှိနေကြပြီး အကယ်၍ ချန်ပီယံလိဂ်တွင် ချယ်လ်ဆီးအသင်းကလည်းကောင်း၊ ယူရိုပါလိဂ်တွင် အာဆင်နယ်အသင်းကလည်းကောင်း ဗိုလ်စွဲခဲ့ပါက ယင်းပြိုင်ပွဲများမှ လက်ရှိချန်ပီယံအသင်းများအနေဖြင့် လာမည့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲသို့ တိုက်ရိုက်ဝင်ခွင့်ရရှိမည်ဖြစ်သည်။
ယင်းကဲ့သို့အခြေအနေမျိုးဖြစ်လာပါက ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှ ထိပ်ဆုံးအသင်း(၃)သင်းသာ လာမည့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်ရရှိမည်ဖြစ်သည်။
(အကယ်၍ ချယ်လ်ဆီးအသင်းက ချန်ပီယံလိဂ်ဖလားရရှိပြီး ပရီးမီးယားလိဂ်တွင် ထိပ်ဆုံး ၃ သင်း စာရင်းဝင်မည်ဆိုပါက အဆင့် ၄ အသင်းမှာ ချန်ပီယံလိဂ်ဝင်ခွင့်ကို ပုံမှန်အတိုင်းရရှိမည်ဖြစ်သည်။)
ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA)သည် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် နိုင်ငံတစ်နိုင်ငံမှ အများဆုံးကလပ်အသင်း (၅)သင်းထိသာ ဝင်ခွင့် သတ်မှတ်ထားသဖြင့် ပရီးမီးယားလိဂ်အဆင့် (၄)အသင်းမှာ ချန်ပီယံလိဂ်ဝင်ခွင့်နှင့် လွဲချော်နိုင်သည့် အခြေအနေ ရှိနေခြင်းဖြစ်သည်။
၂၀၁၁-၁၂ ဘောလုံးရာသီက လန်ဒန်ကလပ် စပါးအသင်းမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အဆင့်(၄)ရရှိခဲ့သော်လည်း နောက်ရာသီချန်ပီယံလိဂ်ဝင်ခွင့်နှင့် လွဲချော်သည့်အခြေအနေ ကြုံတွေ့ခဲ့ဖူးသည်။
ထိုစဉ်က ချယ်လ်ဆီးအသင်းမှာ ပရီးမီးယားလိဂ်တွင် အဆင့်(၆)သာရခဲ့သော်လည်း ချန်ပီယံလိဂ်တွင် ချန်ပီယံဖြစ်ခဲ့ခြင်းကြောင့် နောက်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့ပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယား၌ ထိပ်ဆုံး(၃)သင်းသာ ချန်ပီယံလိဂ် ဝင်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။
(ထိုစဉ်က UEFA သည် နိုင်ငံတစ်နိုင်ငံမှ အများဆုံးကလပ်အသင်း ၄ သင်းအထိသာ ချန်ပီယံလိဂ်ဝင်ခွင့်ပေးခဲ့ခြင်းဖြစ်သည်)
သို့ဖြစ်ရာ ယာဂန်ကလော့ပ်က ''တကယ်လို့ အဆင့် (၄)နေရာရခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရအသင်းစာရင်းက ကန်ထုတ်ခံရမယ်ဆိုရင် အတော်ကိုဆိုးရွားတာပါပဲ။ ဒါပေမဲ့ စည်းမျဉ်းသတ်မှတ်ချက်တွေကို ကျွန်တော်တို့ လက်ခံရပါလိမ့်မယ်။ လက်ရှိအနေအထားက ဥရောပပြိုင်ပွဲ(၂)ခုမှာ All English Final (၂)ခုကို တွေ့ရမယ့် အခြေအနေကောင်းတစ်ခုပါပဲ။ ဒါဟာ တကယ့်ကို ထူးခြားတာပါ။ တကယ်ဆိုရင် ချန်ပီယံလိဂ်ဝင်ခွင့်ကို (၆)သင်းအထိ ပေးသင့်ပါတယ်''ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
