နည်းပြ ဆမ်အလာဒိုက်စ်နှင့် ဝက်စ်ဘရွန်းအသင်းတာဝန်ရှိသူများ ယခုရက်သတ္တပတ်အတွင်း ဆွေးနွေးမည်
24htopnews | October 26, 2024 6:13 PM CST
ဝက်စ်ဘရွန်းအသင်း၏ တာဝန်ရှိသူများသည် နည်းပြ ဆမ်အလာဒိုက်စ်နှင့် ယခုရက်သတ္တပတ်အတွင်း ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဝက်စ်ဘရွန်းအသင်းသည် တန်းဆင်းဇုန်မှ လွတ်မြောက်ရန် အလားအလာနည်းပါးနေပြီဖြစ်သော်လည်း အလာဒိုက်စ်က အသင်းတာဝန်ရှိသူများ ထုတ်ပယ်မှသာ နည်းပြရာထူးကို စွန့်လွှတ်မည်ဟု ပြောကြားထားသည်။
ထို့ကြောင့် ဝက်စ်ဘရွန်းအသင်းတာဝန်ရှိသူများက ၎င်း၏ အနာဂတ်နှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးသွားရန် စီစဉ်နေခြင်းဖြစ်ပြီး မကြာမီ အဖြေထွက်ပေါ်လာဖွယ်ရှိကြောင်း သိရသည်။
ဝက်စ်ဘရွန်းအသင်းတာဝန်ရှိသူများသည် ဆမ်အလာဒိုက်စ်ကို ရာထူးမှထုတ်ပယ်ရန် လိုလားခြင်းမရှိဘဲ လိဂ်ချန်ပီယံရှစ်သို့ တန်းဆင်းခဲ့ရလျှင်ပင် ဆက်လက်လက်တွဲသွားရန် ဆန္ဒ ရှိနေကြောင်းလည်း ဗြိတိန်မီဒီယာအချို့က ဖော်ပြခဲ့သည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
