အာဆင်နယ်အသင်း၏ ပြင် သစ်လူမျိုးနည်းပြဟောင်း အာစင်ဝင်း ဂါးက ရီးယဲလ်မက်ဒရစ်အသင်း၏ ဝါ ရင့်တိုက်စစ်မှူး ဘန်ဇီမာသည် ယူရို-၂၀၂၀ ပြိုင်ပွဲဝင် ပြင်သစ်အသင်းလူ စာရင်းတွင် ပြန်လည်ပါဝင်လာသင့် သည်ဟု တိုက်တွန်းပြောကြားခဲ့သည်။
ဘန်ဇီမာသည် ၂၀၁၅ ခုနှစ်က ပြင်သစ်လက်ရွေးစင်အသင်းဖော် ဗယ်လ်ဘွေနာ၏ လိင်ကိစ္စဗီဒီယိုမှတ် တမ်းအတွက် ငွေညှစ်မှုတွင် ပါဝင် ခဲ့သည်ဆိုသည့် စွပ်စွဲမှုဖြင့် ပြင်သစ် အသင်းလူစာရင်းမှ ထုတ်ပယ်ခံခဲ့ရ သူဖြစ်ပြီး ဝင်းဂါးက ယင်းကိစ္စသည် ဘောလုံးနှင့် မသက်ဆိုင်သည့် ကိစ္စ ဖြစ်သည်ဟု ဆိုခဲ့သည်။ ထိုကိစ္စဖြစ် ပွားစဉ်က ဘန်ဇီမာသည် ဝေဖန်မှုများ ကို ခံခဲ့ရပြီး၊ ထိုအချိန်က ပြင်သစ်ဝန် ကြီးချုပ်ဖြစ်သူ မန်နျူရယ်ဗဲလ်က ဘန်ဇီမာလို လူမျိုးအတွက် ပြင်သစ် လက်ရွေးစင်အသင်းတွင် နေရာမရှိ ဟု ဆိုခဲ့ပြီးနောက် ထိုအချိန်ကတည်း က ပြင်သစ်အသင်းတွင် ပြန်လည်ရွေး ချယ်ခြင်းမခံရတော့ချေ။
ဝင်းဂါးက ''ဘန်ဇီမာကို မရွေး ဘူးဆိုရင်လည်း ဒါဟာ ဘောလုံးအ ကြောင်းပြချက်၊ စွမ်းဆောင်ရည်နဲ့ ပတ်သက်တဲ့ ကိစ္စပဲ ဖြစ်သင့်ပါတယ်။ ကျွန်တော့်တစ်ဦးတည်းအမြင်အရဆို ရင် ဘန်ဇီမာဟာ ယူရိုပြိုင်ပွဲမှာ ပါဝင် ဖို့ ရာနှုန်းပြည့်ထိုက်တန်သူပါ။ သူက ဘယ်အသင်းမှာမဆို ကစားလို့ရတဲ့ အရည်အချင်းရှိပြီး ဘောလုံးနဲ့မသက် ဆိုင်တဲ့ ကိစ္စအတွက် သူ့ကို မရွေးတာ မျိုးက မဖြစ်သင့်ပါဘူး''ဟု ပြောကြား ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
