ပရီးမီးယားလိဂ်အဖွဲ့ချုပ်သည် ပြီးခဲ့သည့် ဧပြီလအတွင်းက ဥရောပစူပါလိဂ်ယှဉ်ပြိုင်ရန် ပရီးမီးယားလိဂ်ထိပ်သီး(၆)သင်း၏ ကြိုးပမ်းမှုမျိုး ထပ်မံမပေါ်ပေါက်စေရန်အတွက် စည်းမျဉ်းသစ်များ ထပ်တိုးထုတ်ပြန်လိုက်ကြောင်း သိရသည်။
ပရီးမီးယားလိဂ်ထိပ်သီး(၆)သင်းသည် ရီးယဲလ်၊ ဘာစီလိုနာ၊ ဂျူဗင်တပ်စ် စသည့် ဥရောပထိပ်သီးအသင်းများနှင့်အတူ ဥရောပ စူပါလိဂ်ပြိုင်ပွဲကို ပုံဖော်ရန် ကြိုးပမ်းခဲ့ကြခြင်းဖြစ်ပြီး ပရိသတ်များ၏ ကန့်ကွက်မှုများကြောင့် ယင်းပြိုင်ပွဲမှာ အကောင်အထည်ပေါ်မလာခဲ့ခြင်းဖြစ်သည်။
သို့သော် ဂယက်ရိုက်ခတ်မှုများ စွာရှိခဲ့ပြီး လက်ရှိအချိန်အထိ ပရိသတ်များ၏ ဆန့်ကျင်ကန့်ကွက်မှုများနှင့် ရင်ဆိုင်နေရသည့် အတွက် အလားတူဖြစ်ရပ်မျိုး ထပ်မံမပေါ် ပေါက်စေရန် ပရီးမီးယားလိဂ်အဖွဲ့ချုပ်က စီစဉ်ခဲ့ ခြင်းဖြစ်သည်။
ပရီးမီးယားလိဂ်အဖွဲ့ချုပ်က ထပ်တိုးထုတ်ပြန်လိုက်သော စည်းမျဉ်းသစ်များမှာ ကလပ်အသင်းပိုင်ရှင်များကို ထိန်းသိမ်းရန် ရည် ရွယ်ခြင်းဖြစ်ကြောင်းလည်း သိရသည်။ ပရီးမီးယားလိဂ်၏ ကြေညာချက်၌ ယခုစည်းမျဉ်းသစ်များကို လိုက်နာရန် ပရီးမီးယားလိဂ်အသင်းပိုင် ရှင်များအားလုံး လက်မှတ်ရေးထိုးရမည်ဖြစ်ပြီး ဖောက်ဖျက်ခဲ့ပါက အရေးယူအပြစ်ပေးမှုများနှင့် ရင်ဆိုင်ရမည်ဟု ပါရှိခဲ့သည်။
ထို့ပြင် "မိမိတို့၏ ပြိုင်ပွဲနှင့် ကလပ်အသင်းများကို ကာကွယ်ရန်အတွက် ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် အစိုးရ၊ သက်ဆိုင်ရာဘောလုံး အဖွဲ့အစည်းများ၊ ပရိသတ်အဖွဲ့များနှင့်ပူးပေါင်း ကာ အင်္ဂလန်ဘောလုံး၏ အနာဂတ်ကို ကာ ကွယ်သွားမည်ဖြစ်ကြောင်း"လည်း ဆိုခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
