မြန်မာအမျိုးသားလေကြောင်းလိုင်းမှ ပြည်တွင်းခရီးစဉ်အသစ်ဖြစ်သော ရန်ကုန် – ပုသိမ် – ညောင်ဦး – မန္တလေးခရီးစဉ်များကို အောက်တိုဘာ (၂၇) ရက်မှစတင်၍အချိန်ပြောင်းလဲ ပျံသန်းပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရန်ကုန် – ပုသိမ် – ညောင်ဦး – မန္တလေး ခရီးစဉ်ကို တနင်္ဂနွေနေ့တွင် ရန်ကုန်မှ နံနက် (၁၁) နာရီခွဲတွင် ထွက်ခွာပြီး ပုသိမ်သို့ မွန်းလွဲ (၁၂) နာရီ (၁၀) မိနစ်တွင်လည်းကောင်း၊ ပုသိမ်မှ မွန်းလွဲ (၁၂) နာရီ (၂၅) မိနစ်တွင်ထွက်ခွာပြီး ညောင်ဦးသို့ မွန်းလွဲ (၂) နာရီ (၁၀) မိနစ်တွင်လည်းကောင်း၊ ညောင်ဦးမှ မွန်းလွဲ (၂) နာရီ (၂၅) မိနစ်တွင် ထွက်ခွာပြီး မန္တလေးသို့ မွန်းလွဲ (၃) နာရီတွင် ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
တနင်္လာနေ့တွင် မန္တလေး- ညောင်ဦး – ပုသိမ် – ရန်ကုန်ခရီးစဉ်များကို မန္တလေးမှ မွန်းလွဲ (၂) နာရီ မိနစ် (၂၀) တွင် ထွက်ခွာပြီး ညောင်ဦးသို့ မွန်းလွဲ (၂) နာရီ (၅၅)မိနစ်တွင်လည်းကောင်း၊ ညောင်ဦးမှ မွန်းလွဲ (၃) နာရီ (၁၀) မိနစ်တွင် ထွက်ခွာပြီး ပုသိမ်သို့ ညနေ (၄) နာရီ (၅၅) မိနစ်တွင်လည်းကောင်း၊ ပုသိမ်မှ ညနေ (၅) နာရီ (၁၀) မိနစ်တွင် ထွက်ခွာပြီး ရန်ကုန်သို့ ညနေ (၅) နာရီ မိနစ် (၅၀) တွင် ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
ယင်းခရီးစဉ်အတွက် သတ်မှတ်ထားသောဈေးနှုန်းမှာ ရန်ကုန်မှ ပုသိမ်သို့ (၁၆ဝဝဝဝ)ကျပ်၊
ပုသိမ်မှ ညောင်ဦးသို့ (၁၉ဝဝဝဝ) ကျပ်၊ မန္တလေးမှ ညောင်ဦးသို့ (၁၁ဝဝဝဝ) ကျပ်၊ ရန်ကုန်မှ ညောင်ဦးသို့ (၂၉၀၀၀၀)ကျပ်၊ မန္တလေးမှ ပုသိမ်သို့ (၃၆၀၀၀၀) ကျပ်သတ်မှတ်ထားပြီး ATR 72-600 လေယာဉ်ဖြင့် ပျံသန်းပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
