ဆီဗီလာ - မန်ယူ (တနင်္လာနံနက် ၁း၃၀ နာရီ)
ချန်ပီယံလိဂ်မှာ တွေ့ဆုံထားခဲ့ပြီးနောက် (၂)နှစ်ကျော်ကာလအတွင်းမှာ ဒီနှစ်သင်းက အပြောင်းအလဲတွေ အတော်များ ခဲ့တယ်။ မန်ယူအသင်းရဲ့ လက်ရှိပွဲထွက် Line-up မှာ တစ်ဝက်လောက်က အဲဒီပွဲမှာ ပါဝင်ကစားခဲ့တယ်။ ဆီဗီလာကတော့ အခုချိန်မှာ ဘာနီဂါ တစ်ဦးပဲ ပွဲထွက်ခွင့်ရနေပြီး ဗက်ဇ်ကေး၊ အက်စကူဒယ်ရိုတို့က အရန်ခုံတောင် ထိုင်နေရတယ်။ ဘောလုံး ရာသီရဲ့အဆုံးသတ်ပိုင်းမှာ နှစ်သင်းစလုံးက ပုံစံကောင်းတွေ ရနေတယ်။ ဆီဗီလာအသင်းက ပြိုင်ပွဲစုံ(၁၉)ပွဲဆက်တိုက် ရှုံးပွဲ မရှိ ကစားထားသလို၊ မန်ယူအသင်းကလည်း ပြိုင်ပွဲစုံ နောက်ဆုံး(၂၄)ပွဲမှာ ချယ်လ်ဆီးတစ်သင်းကိုသာ အရေးနိမ့်ထားတာပါ။ ကစားသမားတည်ငြိမ်မှုပိုင်းမှာတော့ မန်ယူအသင်းက ဆီဗီလာထက် နှာတစ်ဖျား အသာရနေတယ်။ ဆီဗီလာနည်းပြ လိုပယ် တယ်ဟီကလည်း သူ့စိတ်ကြိုက် အသင်းတိုက်စစ်ပိုင်းကို ယူရိုပါလိဂ်ပြိုင်ပွဲရောက်မှ တည်ဆောက်ထားနိုင်တာ တွေ့ရတယ်။ မန်ယူအသင်းအနေနဲ့ ဆီဗီလာအသင်းရဲ့တောင်ပံတွေကို သတိထားကစားဖို့လိုပြီး အတွေ့အကြုံနုတဲ့ ဝီလျံစ်ကို လီဗာပူးလ် ကစားသမားဟောင်း ဆူဆိုက ဒုက္ခပေးနိုင်တယ်။ မန်ယူအသင်းကိုပဲ ရွေးချယ်ချင်တယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
