ကမ္ဘာ့နိုင်ငံများ၌ ဖြစ်ပွားနေသည့် ကိုရို နာဗိုင်းရပ်စ်အခြေအနေကြောင့် မြန်မာနိုင်ငံတွင် အားကစားပြိုင်ပွဲများကျင်းပမှုကို မတ်လကတည်းက ရပ်နားခဲ့ရပြီး ငါးလဝန်းကျင် ကြာမြင့်နေပြီဖြစ်သည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရပ်နားထားရသည့် အားကစားပြိုင်ပွဲများအနက် ဘောလုံးပြိုင်ပွဲကို မကြာမီ ကျင်းပခွင့်ပြုတော့မည် ဖြစ်သောကြောင့် အခြားအားကစားနည်းများလည်း ကျင်းပရန် တင်ပြလာပါက စစ်ဆေးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
ကမ္ဘာ့နိုင်ငံများ၌ ဖြစ်ပွားနေသည့် ကိုရို နာဗိုင်းရပ်စ်အခြေအနေကြောင့် မြန်မာနိုင်ငံတွင် အားကစားပြိုင်ပွဲများကျင်းပမှုကို မတ်လကတည်းက ရပ်နားခဲ့ရပြီး ငါးလဝန်းကျင် ကြာမြင့်နေပြီဖြစ်သည်။ သြဂုတ် ၁၂ ရက်က ပြည်တွင်းဘောလုံးပြိုင်ပွဲများ ကျင်းပခွင့်ရရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်နှင့် ဆွေးနွေးပွဲတွင် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာသက်ခိုင်ဝင်းက အခြားအားကစားပြိုင်ပွဲများကျင်းပရန် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ယင်းအကြောင်းအရာ နှင့်ပတ်သက်၍ ဒေါက်တာသက်ခိုင်ဝင်းက မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ၏ အောင်မြင်မှုအပေါ်မူတည်၍ တင်ပြထားသည့် ဘောလုံးပြိုင်ပွဲများကို ဆက်လက်ခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ ထို့အတူ အခြားအားကစားပြိုင်ပွဲများကိုလည်း သက်ဆိုင်ရာ အားကစားအဖွဲ့ချုပ်များမှ တင်ပြလာပါက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စနစ်တကျစစ်ဆေးပြီး အားကစားပြိုင်ပွဲများကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် စီစဉ်ထားသည့် နိုင်ငံတကာအားကစားပြိုင်ပွဲများ ရွှေ့ဆိုင်းခဲ့ရသလို အားကစားနည်းအလိုက် ပြည်တွင်းပြိုင်ပွဲများကိုလည်း မတ်လကတည်းက ကျင်းပနိုင်ခြင်းမရှိဘဲ ရွှေ့ဆိုင်းထားရကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
