မန်စီးတီး - လိုင်ယွန် (တနင်္ဂနွေနံနက် ၁း၃၀ နာရီ)
မန်စီးတီးက တိုက်စစ်ဆင်မယ်။ လိုင်ယွန်က တန်ပြန်တိုက်စစ်ကစားမယ်ဆိုတာက ဒီပွဲမှာ မြင်ရနိုင်တဲ့ ပုံစံဖြစ်တယ်။ ဒီ အနေအထားမှာ မန်စီးတီးတိုက်စစ်ကို လိုင်ယွန်က တောင့်ခံနိုင်ပါ့မလားဆိုတဲ့အချက်နဲ့ လိုင်ယွန်သာ တန်ပြန်တိုက်စစ်ကို တ ကယ်ထိထိရောက်ရောက်ကစားနိုင်ရင် မန်စီးတီးခံစစ်က ထိန်းချုပ်နိုင်ပါ့မလားဆိုတဲ့ ပြဿနာရှိတယ်။
မန်စီးတီးက ပိုကောင်း တဲ့အသင်းဆိုတာ ငြင်းစရာမလိုပေမယ့် တချို့ပွဲတွေမှာ ကောင်းနေလျက်နဲ့ အခွင့်အရေးတွေ ရနေပါလျက်နဲ့ မန်စီးတီး ရှုံးသွား ခဲ့ခြင်းက အရည်အသွေးမြင့်တဲ့ တန်ပြန်တိုက်စစ်တွေနဲ့ ကြုံတွေ့ခဲ့လို့ဖြစ်ပြီး၊ လိုင်ယွန်က အဲ့ဒီလိုအသင်းမျိုးဖြစ်နေတယ်။ မနှစ် က ဒီနှစ်သင်း ချန်ပီယံလိဂ်မှာ တစ်အုပ်စုတည်း အတူတူကျခဲ့ပြီး လက်ရှိအသင်းထက် ပိုကောင်းတဲ့ မန်စီးတီးကို လိုင်ယွန်က တစ်ပွဲနိုင်၊ တစ်ပွဲသရေ ကစားခဲ့တဲ့အတွေ့အကြုံလည်း ရှိတယ်။ ဒီပွဲက လိုင်ယွန်နဲ့ မဟုတ်ဘဲ ဂျူဗင်တပ်စ်နဲ့ဆိုရင်တောင် အနိုင်အရှုံးရလဒ်ဆိုတာထက် ကစားဟန်အရဆိုရင် မန်စီးတီးအတွက် ပိုအကြိုက်တွေ့တဲ့ ပုံစံမျိုးဖြစ်တယ်။ ဂျူဗင်တပ်စ်ရဲ့ Pace က အားနည်းလွန်းလို့ မန်စီးတီးတိုက်စစ်ကစားသမားတွေ အကြိုက်ပဲ။ လိုင်ယွန်ကတော့ အားကောင်းပြီး မြန်တဲ့အသင်း မျိုးဖြစ်တယ်။ ဒါကြောင့် မန်စီးတီး ပိုကောင်းတာမှန်ပေမယ့် လွယ်ကူတဲ့ပွဲမျိုးမဟုတ်ဘူးလို့ ယူဆရတယ်။ အထူးသဖြင့် နှစ် ကျော့ကစားရတာမဟုတ်ဘဲ တစ်ကျော့တည်းနဲ့ အဖြေထုတ်ရတဲ့အခြေအနေကလည်း အသင်းကြီးတွေအတွက် ပိုပြီးအမှားမခံ သလို ဖြစ်စေတယ်။ ဒီလိုအနေအထားမှာတောင် ဘယ်သူနိုင်မလဲဆိုရင် မန်စီးတီးက အားကောင်းနေဆဲပါပဲ။ ဒါပေမဲ့ ခက်ခဲ လိမ့်မယ်။ (၂-၁)လောက်ပဲ ဖြစ်မယ်ထင်တယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
