ဘာစီလိုနာအသင်းနောက်ခံလူ ပီကေးက ဘိုင်ယန်မြူးနစ်အသင်းကို (၂-၈)ဂိုးဖြင့် အရှက်တကွဲရှုံးနိမ့်ပြီးနောက် အသင်းကို ပြန်လည်တည်ဆောက်ရတော့မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဘာစီလိုနာအသင်းသည် သြဂုတ်လ (၁၄)ရက်က ကစားခဲ့သည့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်တွင် ဘိုင်ယန်မြူးနစ်အသင်းကို (၂-၈)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ယင်းမှာ အသင်းသမိုင်းတစ်လျှောက် ဥရောပပြိုင်ပွဲ(ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်)များတွင် အဆိုးရွားဆုံးရှုံးပွဲအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
ထို့ကြောင့် ပီကေးက ဘာစီလိုနာအသင်းအနေဖြင့် ယခုကဲ့သို့ အရှက်တကွဲရှုံးနိမ့်မှုမျိုးနှင့် နောက်ထပ်မကြုံတွေ့စေရန် အသင်းကို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ပီကေးက "အရမ်း ရှက်ဖို့ကောင်းပါတယ်။ ဒီလိုကစားလို့ မရပါဘူး။ ဥရောပပြိုင်ပွဲတွေမှာ ဒီလိုကစားလို့ မရပါဘူး။ ချန်ပီယံလိဂ်မှာ ကျွန်တော်တို့ ဒီလိုဖြစ်နေတာ ကြာပါပြီ။ ကျွန်တော်တို့အနေနဲ့ သေချာဆန်းစစ်ရတော့မှာပါ။ အသင်းကို ပြောင်းလဲဖို့ လိုနေပါပြီ။ ဒီရှုံးပွဲနဲ့ ပတ်သက်ပြီး ဘယ်သူကိုမှ ကျွန်တော် အပြစ်မတင်ချင်ပါဘူး။ ကျွန်တော်တို့အသင်းကို ဘက်ပေါင်းစုံကနေ ပြောင်းလဲဖို့၊ ပြန်လည်တည်ဆောက်ဖို့ လိုနေပါပြီ"ဟု ပြောကြားခဲ့သည်။
ထို့ုပြင် ပီကေးက ဘာစီလိုနာအသင်း ပြန်လည်တည်ဆောက်ရေးအတွက် လိုအပ်မည်ဆိုလျှင် မိမိအနေဖြင့် အသင်းမှထွက်ခွာရန် အသင့်ရှိကြောင်းလည်း ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
