မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက လိုင်ယွန်အသင်းနှင့်ကစားမည့်ပွဲတွင် အစွမ်းပြရန် အသင်းကစားသမားများကို စိန်ခေါ်ခဲ့သည်။
မန်စီးတီးအသင်းသည် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ယနေ့ည(မြန်မာစံတော်ချိန် သြဂုတ်လ ၁၆ ရက်၊ နံနက် ၁း၃၀ နာရီ)တွင် လိုင်ယွန်အသင်းနှင့် ကစားရမည်ဖြစ်သည်။
မန်စီးတီးအသင်းသည် ၂၀၁၈-၁၉ ရာသီတွင် လိုင်ယွန်အသင်းနှင့် ချန်ပီယံလိဂ်အုပ်စုအဆင့်၌ တွေ့ဆုံဖူးပြီး အိမ်ကွင်းတွင် (၁-၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ကာ အဝေးကွင်းတွင် (၂-၂)ဂိုးဖြင့် သရေကျခဲ့သည်။
ထို့ကြောင့် ဂွါဒီယိုလာက လိုင်ယွန်အသင်းနှင့်ကစားမည့်ပွဲမှာ ခက်ခဲမည်ဖြစ်ပြီး အသင်းကစားသမားများကို အစွမ်းပြရန် ပြောဆိုခဲ့ခြင်းဖြစ်သည်။
"လိုင်ယွန်က စုစည်းမှုအားကောင်းတဲ့ အသင်းတစ်သင်းဖြစ်လို့ ခက်ခဲမှာ သေချာပါတယ်။ ကျွန်တော်တို့အနေနဲ့ လိုင်ယွန်အသင်းရဲ့ အားနည်းချက်တွေကို ရှာဖွေပြီး ထိုးနှက်နိုင်ဖို့ လိုပါတယ်။ ကျွန်တော်ကတော့ အသင်းကစားသမားတွေအနေနဲ့ သူတို့က ဘယ်လိုဆိုတာကို ပြသတာမျိုး မြင်ချင်ပါတယ်။ လိုင်ယွန်နဲ့ပွဲမှာ သူတို့ စိတ်ဓာတ်အပြည့်နဲ့ ကြိုးစားတာမျိုးကို ကျွန်တော် လိုချင်ပါတယ်။ အဲဒီလို ကြိုးစားမယ်ဆိုရင် ကျွန်တော်တို့နဲ့ ထိုက်တန်တာကို ရမှာပါ။ ဒါက ရှင်းရှင်းလေးပါပဲ"ဟု ဂွါဒီယိုလာက ပြောကြားခဲ့သည်။
ထို့ပြင် ဂွါဒီယိုလာက တစ်ကျော့တည်း ယှဉ်ပြိုင်ရသည့်အတွက် အမှားကျူးလွန်၍ မရကြောင်းနှင့် ယခုပြိုင်ပွဲတွင် အနိုင်ရရန် ရေပန်းစားသည့်အသင်း မရှိကြောင်းလည်း ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
