■ ဘာစီလိုနာ ၂-၈ ဘိုင်ယန်မြူးနစ်
ချန်ပီယံလိဂ် ကွာတားဖိုင်နယ် တတိယပွဲစဉ်မှာတော့ ချန်ပီယံဆုကို (၅)ကြိမ်စီ ပိုင်ဆိုင်ထားတဲ့ ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်တို့ ကစားခဲ့ကြပြီး ဘိုင်ယန်မြူးနစ်က ဘာစီလိုနာအသင်းကို ဂိုးပြတ်အနိုင်ယူကာ ဆီမီးဖိုင်နယ်တက်ရောက်သွားခဲ့ပါတယ်။
ဘိုင်ယန်ဟာ တိုက်စစ်မှာ လီဝန်ဒေါစကီးကို အထောင်ထားပြီး မူလာ၊ နာဘရီ၊ ပါရီဆစ်၊ ကင်မစ်ချ်တို့နဲ့ လူစုံခဲ့ပါတယ်။ ဘာစီလိုနာနည်းပြ ဆယ်တီယန်ကတော့ ဂရီးဇ်မန်းကို အရန်မှာထားခဲ့ပြီး ၄-၄-၂ ကစားကွက်ကို အသုံးပြုကာ တိုက်စစ်မှာ မက်ဆီနဲ့ ဆွရက်ဇ် တွဲပေးခဲ့တာပါ။
ပွဲစကတည်းက ဂိုးရဖို့အတွက် နှစ်သင်းစလုံးတိုက်ဖွင့်ကစားခဲ့ပြီး (၃)မိနစ်မှာ ဘိုင်ယန်မြူးနစ် အဖွင့်ဂိုး ရခဲ့ပါတယ်။ ညာတောင်ပံကနေ ပါရီဆစ် ပေးပို့တာကို မူလာက လီဝန်ဒေါစကီးနဲ့ ဝမ်းတူးရိုက်ပြီး ဧရိယာထိပ်ကနေ ကန်သွင်းယူခဲ့တာပါ။
ဂိုးပေးလိုက်ရပြီးနောက်မှာ ချေပဂိုးရဖို့ ဘာစီလိုနာ တိုက်စစ်ဆင်ခဲ့ပြီး ချက်ချင်းဆိုသလို ပွဲချိန် (၇)မိနစ်မှာ ချေပဂိုး ရခဲ့ပါတယ်။ အယ်လ်ဘာရဲ့ ပေးပို့မှုကို တားဆီးဖို့ ကြိုးစားရင်း အလာဘာ ကိုယ့်ဂိုးကိုယ်သွင်းယူမိခဲ့တာပါ။
ချေပဂိုးရပြီးနောက် ဘာစီလိုနာတို့ ဦးဆောင်ဂိုးရဖို့ အခွင့်အရေးတွေ ရခဲ့ပါတယ်။ ဆွာရက်ဇ်အနေနဲ့ ဂိုးသမားနဲ့တစ်ယောက်ချင်း ကန်ခွင့်ရခဲ့သလို၊ ဘူးစကွက်ဇ်၊ မက်ဆီတို့ အခွင့်အရေးတွေ ရခဲ့ပေမယ့် အသုံးချနိုင်ခဲ့ခြင်းမရှိပါဘူး။
အဲဒီနောက်မှာတော့ ပွဲက ဘိုင်ယန်မြူးနစ်ပွဲ ဖြစ်သွားခဲ့ပြီး (၁၀)မိနစ်အတွင်း (၃)ဂိုး သွင်းခဲ့ပါတယ်။ (၂၁) မိနစ်မှာ ပါရီဆစ်၊ (၂၇)မိနစ်မှာ နာဘရီ၊ (၃၁)မိနစ်မှာ မူလာတို့ သွင်းယူခဲ့တာဖြစ်ပြီး ဒီဂိုးတွေမှာ ဘာစီလိုနာအသင်းနောက်တန်းနဲ့ ဂိုးသမားရဲ့ အမှားတွေ ပါဝင်ခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ ဆယ်တီယန်မှာ ဂရီးဇ်မန်းကို ထည့်သွင်းကစားခဲ့ပါတယ်။ ဒုတိယပိုင်း ပြန်စပြီး (၁၂)မိနစ်အကြာဖြစ်တဲ့ ပွဲချိန် (၅၇) မိနစ်မှာ ဘိုတန်ကို လှည့်စားပြီး ဆွာရက်ဇ် ချေပဂိုးတစ်ဂိုး သွင်းခဲ့ပါတယ်။
(၂-၄)ဖြစ်သွားလို့ ဘာစီလိုနာ ပြန်လာမယ်လို့ မျှော်လင့်ခဲ့ပေမယ့် အဲဒီနောက်ပိုင်းမှာတော့ ဘာစီလိုနာအသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းကို ဘယ်လိုမှ မယှဉ်နိုင်ဘဲ နောက်ထပ် (၄)ဂိုး ထပ်ပေးလိုက်ရပါတယ်။
အဲဒီဂိုးတွေကိုတော့ ကင်မစ်ချ် (၆၃ မိနစ်)၊ လီဝန်ဒေါစကီး (၈၂ မိနစ်)နဲ့ လူစားဝင်ကစားသမား ကော်တင်ဟိုက (၈၅)မိနစ်နဲ့ (၈၉)မိနစ်တွေမှာ (၂)ဂိုး ဆက်တိုက် သွင်းယူခဲ့တာပါ။
ဒီရာသီမှာ ဘာစီလိုနာအသင်းကနေ ဘိုင်ယန်မြူးနစ်အသင်းထံသို့ အငှားလာကစားတဲ့ ကော်တင်ဟိုဟာ ဒီပွဲမှာ (၁၅)မိနစ်ကျော်သာ ကစားခွင့်ရခဲ့ပေမယ့် (၂)ဂိုးသွင်းယူခဲ့သလို၊ လီဝန်ဒေါစကီးရဲ့ သွင်းဂိုးကိုလည်း ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။
ပွဲအပြီးမှာတော့ ဘိုင်ယန်မြူးနစ်အသင်းဟာ ဘာစီလိုနာအသင်းကို စံချိန်တင် (၈-၂)ဂိုးနဲ့ အနိုင်ရခဲ့ပြီး ဆီမီးဖိုင်နယ်မှာ မန်စီးတီး-လိုင်ယွန်ပွဲက အနိုင်ရတဲ့ အသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။
ဘာစီလိုနာအသင်းကတော့ (၂) နှစ်ဆက်တိုက် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်က လှည့်ပြန်ခဲ့ရသလို၊ နောက်ဆုံး (၆)ရာသီမှာ ၂၀၁၅-၁၆ ရာသီက ဆီမီးဖိုင်နယ် တက်ခဲ့တာကလွဲရင် (၅)ရာသီအထိ ကွာတားဖိုင်နယ်က လှည့်ပြန်ခဲ့ရတာလည်း ဖြစ်ပါတယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
