MFF Royal-D U19 Futsal Championship 2024 ဗိုလ်လုပွဲစဉ်ကို ယနေ့ အောက်တိုဘာ(၂၆)ရက်၌ Hinthar FC အသင်းနှင့် Yangon Futsal အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ Hinthar FC အသင်းက (၁) ဂိုး ဂိုးမရှိဖြင့် ဗိုလ်စွဲခဲ့ကြောင်း သိရသည်။
အဆိုပါ ဗိုလ်လုပွဲစဉ်အပြီး ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ ပြိုင်ပွဲ၌ အကောင်းဆုံး ဂိုးသမားဆု ရရှိခဲ့သော Hinthar FC အသင်းမှ ဇွဲလူထွတ်ကို ရန်ကုန်တိုင်း၊ လမ်းပမ်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ကျော်စိုး က အမှတ်တရဆုနှင့် ဆုကြေးငွေကျပ် (၂) သိန်းကို ချီးမြှင့်ခဲ့သည်။
အလားတူ အကောင်းဆုံး ကစားသမား ဆု ရရှိသော Hinthar FC အသင်းမှ သက်ထွန်းကို ရန်ကုန်တိုင်း၊ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းက အမှတ်တရ ဆုနှင့် ဆုကြေးငွေကျပ် (၂) သိန်းကို ပေးအပ်ခဲ့သည်။
ထို့နောက် ပြိုင်ပွဲ၏ တတိယဆု ရရှိသော Bushido Youth အသင်းကို ရန်ကုန်တိုင်းစီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင် က တစ်ဦးချင်း ဆုတံဆိပ်များနှင့် ဆုကြေး ငွေကျပ် (၁၅)သိန်းကို ပေးအပ်ခဲ့ပြီး ဒုတိယဆု ရရှိသော Yangon Futsal အသင်းကို ရန်ကုန်တိုင်း၊ စည်ပင်သာယာရေးဝန်ကြီး ဦးဗိုလ်ဌေး က တစ်ဦးချင်း ဆုတံဆိပ်များနှင့် ဆုကြေးငွေကျပ် သိန်း (၂၀) ကို ပေးအပ်ခဲ့သည်။
ဗိုလ်လုပွဲစဉ်၌ ပထမဆု ရရှိခဲ့သော Hinthar FC အသင်းကို ရန်ကုန်တိုင်းလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့် က တစ်ဦးချင်းဆုများနှင့် ဆုကြေးငွေ ကျပ် သိန်း (၃၀) ကို ပေးအပ်ခဲ့ပြီး၊ ချန်ပီယံ ဆုဖလားအား ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းက ပေးအပ်ခဲ့ကြောင်း သိရသည်။
ဗိုလ်လုပွဲစဉ်ကို ကိုင်တွယ်ခဲ့သော ဒိုင်လူကြီးများကိုလည်း ဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီ ဥက္ကဋ္ဌ ဦးဝင်းသော်က အမှတ်တရ ဆုတံဆိပ်များ ပေးခဲ့ပြီး ပြိုင်ပွဲတွင် အသန့်ရှင်းဆုံး အသင်းဆု ရရှိသော YCDC Marga အသင်းကို ရန်ကုန်တိုင်း ၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက အမှတ်တရ ဆုနှင့် ဆုကြေးငွေကျပ် (၃) သိန်းကို ချီးမြှင့်ခဲ့သည်။


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
