မြန်မာနိုင်ငံ၏ချမ်းသာသော အထက်တန်းလွှာများသည် ထိုင်းအိမ်ခြံမြေစျေးကွက်တွင် မထင်မှတ်ဘဲ အများဆုံးဝယ်ယူသူများ ဖြစ်ခဲ့ရာ တရုတ်၊ ရုရှား သူဌေးများထက်ပင် ပိုမိုသုံးစွဲခဲ့သည်ဟု အိမ်ခြံမြေအချက်အလက် ဌာန(REIC) ကဖော်ပြခဲ့သည်။
ကော်လီယာအိမ်ခြံမြေလုပ်ငန်း၏ထုတ် ပြန်ချက်အရ မြန်မာနိုင်ငံမှ အသုံးအစွဲများ ပြားသော ဝယ်လက်များသည် ထိုင်းမြို့ ကြီး များတွင် တန်ဖိုးကြီးအိမ်ခြံမြေများကို ဝယ်ယူ ခဲ့ကြသည်ဟုဆိုသည်။
အစိုးရအိမ်ရာဘဏ်၏ အိမ်ခြံမြေ သ တင်းအချက်အလက်ဌာန (REIC) သည် များပြားလှသည့် ဝယ်ယူရင်းနှီးမြှုပ်နှံမှုများကို ဖော်ပြခဲ့သည်ဟု ကော်လီယာ၌ ဒုတိယ စီမံခန့်ခွဲမှုဒါရိုက်တာအဖြစ် ဆောင်ရွက်နေ သူ ကာလိုပိုဘရီက ပြောကြားခဲ့သည်။
“မြန်မာဝယ်လက်တွေဟာ ဘန်ကောက်၊ ဖူးခက်၊ ချင်းမိုင်တို့မှာ အိမ်ခြံမြေဝယ်တာတွေ ကို နှစ်သက်ကြောင်း တွေ့ရပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသားများသည် လွန်ခဲ့သော နှစ်တွင် ထိုင်းအိမ်ခြံမြေစျေးကွက်၌ ဘတ်ငွေ ၂ ဒသမ ၂၅ ဘီလျံ သုံးစွဲခဲ့သည်ဟု REIC အချက်အလက်များတွင် ဖော်ပြထားသည်။ ထို့ကြောင့် ပြည်ပရင်းနှီးမြှုပ်နှံသူများထဲ တွင် မြန်မာနိုင်ငံသားများသည် အများဆုံးသုံးစွဲသူ စာရင်း၌ တတိယနေရာတွင် ရပ်တည်ခဲ့သည် ဟု ဆိုသည်။ တရုတ်နှင့်ရုရှား ဝယ်လက်များ ထက်ပင် ပိုမိုသုံးစွဲခဲ့သည်ဟု ဖော်ပြခဲ့သည်။
မြန်မာနိုင်ငံက ချမ်းသာသူများသည် ဘန်ကောက်မြို့၏အဓိကနေရာများတွင်ရှိ သော စျေးကြီးသည့် ကွန်ဒိုများကိုဝယ်ယူ ခဲ့ကြသည်ဟု ပိုဘရီက ပြောကြားခဲ့ပြီး ယင်းကွန်ဒိုများသည်စျေးနှုန်း ဘတ် ၁၀ သန်းမှ သန်း ၂၀ အတွင်းရှိသည်ဟု ဆိုသည်။
ဆူခမ်ဗစ်၊ ခရွမ်ဖုန်း၊ အဆိုကေးတို့လို အကောင်းစား ကွန်ဒိုများရှိရာ နေရာများ သည် ရေပန်းစားလျက်ရှိပြီး ထိုနေရာများ သည် ဆေးရုံများ၊ နိုင်ငံတကာ ကျောင်းများ၊ အဆင့်မြင့် စျေးဝယ်စင်တာကြီးများနှင့် နီးကပ်သည်ဟု ဆိုသည်။
မြန်မာနိုင်ငံမှ အလယ်အလတ်သုံးစွဲသူ များသည် ဘန်ကောက်မြို့၏ Aree နှင့်ဖရာ ထိုင်းဇုန်များရှိ စျေးနှုန်း ဘတ် ငါးသန်းမှ ၁၀ အတွင်းရှိသော ကွန်ဒိုများကို မျက်စိကျနေ ကြသည်ဟု ဖော်ပြထားသည်။
“အသက်ငယ်တဲ့ ရင်းနှီးမြှုပ်နှံသူတွေ ဖြစ်တဲ့ အဲဒီဝယ်လက်တွေဟာ ကြိုပွိုင့်အဆင့် မှာပဲ ကွန်ဒိုတွေကို ဝယ်ယူကြတာဖြစ်ပါတယ်။ အဲဒီကွန်ဒိုတွေကို ပြန်ငှားဖို့ ဒါမှမဟုတ် ပြန် ရောင်းဖို့ ဝယ်ကြတာဖြစ်ပါတယ်” ဟု ပိုဘရီ က ပြောသည်။
မြန်မာနိုင်ငံသားများသည် ဘန် ကောက်၏ လူစည်ကားရာ လမ်းများရှိ ကွန်ဒို များကို ဝယ်ယူကြသည်သာမက ဖူးခက်၏ ရေကူးကန်ပါသော အိမ်များကို လူကြိုက် များနေသောလာဂူနာနှင့် ဘန်သော် နေရာ တို့တွင်လည်း ဝယ်ယူနေကြသည်ဟု ဆို သည်။
ဘတ်ငွေသန်း ၄၀ ကျော်ရှိသော အိမ် များကို တည်ဆောက်၍မပြီးမီ အမြန်ဆုံးဝယ် ယူနေကြသည်ဟု The Nation ကဖော်ပြခဲ့ သည်။ ယင်းသည် မြန်မာ စူပါဇောတိကများ ၏ မတင်းတိမ်နိုင်သော အာသီသကို ဖော်ပြ နေခြင်းဖြစ်သည်ဟု ဆိုသည်။
ထို့အပြင် မြန်မာနိုင်ငံသားများသည် ချင်းမိုင်ရှိ အိမ်ခန်းတွဲများကို ဝယ်ယူနေကြ သည်ဟု ဆိုသည်။အဆိုပါ အိမ်ခန်းတွဲများ၏ စျေးသည် ဘတ်ငွေသန်း ၃၀ မှ ၄၀ အကြားရှိ သည်ဟု သိရသည်။
Ref: Thaiger
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
