ယူကရိန်းအား စစ်ပွဲဆင်နွှဲနေသည့် ရုရှားအားအထောက်အကူပေးရန် ဇူလိုင်လနောက်ပိုင်း သန်းနှင့်ချီသည့် စစ်လက်နက်ခဲယမ်းများပါဝင်သည့် ကွန်တိန်နာ ၆,၇၀၀ ခန့်ကို မြောက်ကိုရီးယားက ရုရှားထံပေးပို့ခဲ့သည်ဟု တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး၏ အဆိုကိုကိုးကား၍ ယွန်ဟပ်သတင်းဌာနက ဖေဖော်ဝါရီ ၂၇ ရက်တွင် ဖော်ပြခဲ့သည်။
ယင်းကွန်တိန်နာများသည် ၁၅၂ မမ အမြောက်ကျည် သုံးသန်းကျော် သို့မဟုတ် ၁၂၂ မမ အမြောက်ကျည် ငါးသိန်းခန့်အား သယ်ဆောင်ခဲ့ဖွယ်ရှိကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ရှင်ဝမ်ရှစ်က ဖေဖော်ဝါရီ ၂၆ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်တွင်းမီဒီယာများကို ပြောကြားခဲ့သည်။
"အမျိုးအစားနှစ်မျိုး ရောနှောပေးပို့တာဖြစ်နိုင်ပါတယ်။ အနည်းဆုံး သန်းနဲ့ချီတဲ့အမြောက်ဆန်တွေ ပေးပို့ခဲ့တာလို့ ပြောနိုင်ပါတယ်"ဟု ၎င်းက ပြောကြားသည်။
ရာနှင့်ချီသည့် မြောက်ကိုရီးယား လက်နက်ခဲယမ်း စက်ရုံများသည် ကုန်ကြမ်းပြတ်လပ်ခြင်းနှင့် လျှပ်စစ်ဓာတ်အား မလုံလောက်မှုကြောင့် ၎င်းတို့လည်ပတ်ထုတ်လုပ်နိုင်စွမ်း၏ ၃၀ ရာခိုင်နှုန်းဝန်းကျင်သာ လည်ပတ်နေသော်လည်း ရုရှားအတွက် အမြောက်ကျည်ထုတ်ပေးနေသည့် စက်ရုံများမှာမူ အင်ပြည့်အားပြည့် လည်ပတ်လျက်ရှိကြောင်း ၎င်းက ထပ်မံပြောကြားခဲ့ပြီး သတင်းရင်းမြစ်နှင့်ပတ်သက်၍ အသေးစိတ် ပြောဆိုခဲ့ခြင်းမရှိပေ။
မြောက်ကိုရီးယားနှင့် ရုရှားသည် စစ်လက်နက်များ အပြန်အလှန် ဖလှယ်နေသည်ဟု တောင်ကိုရီးယားနှင့် အမေရိကန်က စွပ်စွဲထားပြီး ယူကရိန်းအား တိုက်ခိုက်ရန် ရုရှားအား စစ်လက်နက်များ ပေးပို့နေသည့် မြောက်ကိုရီးယားကို ပြစ်တင်ရှုတ်ချခဲ့သည်။ မြောက်ကိုရီးယားနှင့် ရုရှားက စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ခိုင်မာအားကောင်းအောင် လုပ်ဆောင်မည်ဟု ကတိပြုထားသော်လည်း ယင်းစွပ်စွဲချက်များကို ငြင်းဆန်ထားသည်။
မြောက်ကိုရီးယားသည် စက်တင်ဘာလနောက်ပိုင်း ရုရှားထံ စစ်လက်နက်ခဲယမ်းများ သို့မဟုတ် ဆက်စပ်ပစ္စည်းများပါဝင်သည့် ကွန်တိန်နာ ၁၀,၀၀၀ ကျော် ပေးပို့ခဲ့သည်ဟု ဖေဖော်ဝါရီ ၂၃ ရက်တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
အပြန်အလှန်အနေဖြင့် မြောက်ကိုရီးယားသည် အထူးသဖြင့် အစားအသောက်များပါဝင်သည့် ကွန်တိန်နာ ၉,၀၀၀ ခန့် လက်ခံရရှိခဲ့သည်ဟု သိရသည်။
Ref: Reuters
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
