ကမ္ဘောဒီးယားကို ကာလရှည်အုပ်ချုပ်ခဲ့သည့် ကမ္ဘောဒီးယား ပြည်သူ့ပါတီ(CPP)သည် အထက်လွှတ်တော်ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရခဲ့ကြောင်း အမျိုးသားရွေးကောက်ပွဲကော်မတီက အတည်ပြုကြေညာခဲ့သည်။
ဖေဖော်ဝါရီ ၂၅ ရက်က ကျင်းပခဲ့သည့် အထက်လွှတ်တော်ရွေးကောက်ပွဲ၌ အမတ်နေရာ ၅၈ နေရာအနက် ၅၅ နေရာကို ကမ္ဘောဒီးယား ပြည်သူ့ပါတီက အနိုင်ရခဲ့ကြောင်း ကနဦးမဲရေတွက်မှုများကို အစောပိုင်းတွင် ကြေညာခဲ့ပြီးနောက် ဖေဖော်ဝါရီ ၂၆ ရက်တွင် ၎င်းကော်မတီက မဲဆန္ဒနယ်အလိုက်ရလဒ်များကို စတင်ထုတ်ပြန်ခဲ့သည်။
အထက်လွှတ်တော်တွင် အမတ်ဦးရေ ၆၂ ဦးရှိပြီး ကမ္ဘောဒီးယားဘုရင် နော်ရိုဒုန် စီဟာမိုနီက အထက်လွှတ်တော်အမတ်နှစ်ဦးကို တိုက်ရိုက်တင်မြှောက်ပြီး အောက်လွှတ်တော်ဖြစ်သည့် အမျိုးသားလွှတ်တော်က နောက်ထပ်နှစ်ဦးကို တင်မြှောက်မည်ဖြစ်သည်။
ယခုအနိုင်ရလဒ်ကြောင့် အာဏာရပါတီ ဥက္ကဋ္ဌဖြစ်သည့် ဟွန်ဆန်သည် အထက်လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာရန် လမ်းပွင့်သွားပြီး ယမန်နှစ်တွင် ဝန်ကြီးချုပ်အဖြစ်မှ အနားယူခဲ့ပြီးနောက်ပိုင်း အစိုးရ၏ တရားဝင်ရာထူး နေရာတစ်ခုကို ပြန်လည်ရယူနိုင်တော့မည်ဖြစ်သည်။
ဇူလိုင် ၂၃ ရက်က ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် ဟွန်ဆန်၏ ကမ္ဘောဒီးယားပြည်သူ့ပါတီ (CPP) က အပြတ်အသတ်အနိုင်ရခဲ့ပြီးနောက် ကမ္ဘာပေါ်တွင်သက်တမ်း အကြာဆုံးအုပ်ချုပ်နေသည့်ခေါင်းဆောင် များအနက်မှ တစ်ဦးဖြစ်သည့် ဟွန်ဆန်က ရာထူးမှအနားယူတော့မည်ဟုကြေညာခဲ့ပြီး အကြီးဆုံးသားဖြစ်သူ ဟွန်မာနက်အား အာဏာလွှဲပြောင်းပေးခဲ့သည်။
ရွေးကောက်ပွဲဆိုင်ရာ အာဏာပိုင်များက တစ်ခုတည်းသော မည်မည်ရရအတိုက်အခံပါတီဖြစ်သည့် Candlelight ပါတီကို လုပ်ထုံးလုပ်နည်းများနှင့် မညီညွတ်ဟုဆိုကာရွေးကောက်ပွဲယှဉ်ပြိုင်ခွင့် ပိတ်ပင်ခဲ့ပြီးနောက် CPP အနေဖြင့် မဲအရေအတွက်အားလုံး၏ ၈၂ ရာခိုင်နှုန်းရရှိကာ အမတ်နေရာ ၁၂၅ နေရာရှိသည့် အောက်လွှတ်တော်တွင် ငါးနေရာမှအပ ကျန်နေရာအားလုံးကို ထိန်းချုပ်နိုင်ခဲ့သည်။ ဘုရင်စနစ်ထောက်ခံသည့် FUNCINPEC ပါတီက ကျန်ရှိသည့် အမတ်နေရာ ငါးနေရာကိုရယူထားသည်။
လတ်တလော ကျင်းပခဲ့သည့်အထက်လွှတ်တော် ရွေးကောက်ပွဲတွင်လည်း အာဏာရ CPP က အပြတ်အသတ် အနိုင်ရခဲ့ပြီးလွှတ်တော်နှစ်ရပ်လုံးကို ထိန်းချုပ်ထားသည်။
ကမ္ဘောဒီးယားတွင် အထက်လွှတ်တော်သည် အများအားဖြင့် အဆောင်အယောင်ရာထူးတာဝန်မျှသာဖြစ်ပြီး အောက်လွှတ်တော်တွင် အတည်ပြုထားသည့် ဥပဒေအစီအမံများအား အတည်ပြုရေးကိုသာ အဓိက ဆောင်ရွက်ရသည်။ သို့သော်အထက်လွှတ်တော်ဥက္ကဋ္ဌသည် ဘုရင်မရှိချိန်တွင် နိုင်ငံ့ခေါင်းဆောင်အဖြစ် တာဝန်ယူရသည်။
တရားဝင် မဲရလဒ်များကို အတည်ပြုကြေညာပြီးနောက် လာမည့်ဧပြီလထဲတွင် ဟွန်ဆန်ကို အထက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် တင်မြှောက်ဖွယ်ရှိကြောင်း CPP ပါတီပြောခွင့်ရ ဆော့အီဆန်က ပြောကြားခဲ့သည်။
ပြီးခဲ့သည့်သီတင်းပတ်က ဟွန်ဆန်၏အငယ်ဆုံးသားဖြစ်သူ ၄၁ နှစ်အရွယ်ဟွန်မာနီအား ဒုတိယဝန်ကြီးချုပ်အဖြစ် လွှတ်တော်အမတ်များက အတည်ပြုခဲ့သည်။
Ref: AP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
