ဂါဇာ၌ ထိန်းသိမ်းခံထားရသော ဓားစာခံများကိုလွတ်ပေးနိုင်ဖွယ်ရှိနေပြီး အပြန်အလှန်အားဖြင့် ပါလက်စတိုင်းအကျဉ်းသားရာပေါင်းများစွာကို ပြန်လွှတ်ပေးနိုင်ဖွယ်ရာရှိနေသော သဘောတူညီချက်တစ် ရပ်တွင်အစ္စရေးနှင့်ဟားမာ့စ်တို့၏ အပစ်အခတ်ရပ်စဲမှုအသစ်သည် မတ်လ ၄ ရက်တွင် စတင်နိုင်သည်ဟု အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ထုတ်ဖော်ပြောကြားခဲ့သည်။
အပစ်အခတ်ရပ်စဲရေးဖြစ်ပေါ်လာစေရန်အတွက် အချိန်ကြာမြင့်စွာ ကြိုးပမ်းဆောင် ရွက်နေရသည့်အနေအထားတွင် အီဂျစ်၊ အမေရိကန်ပြည်ထောင်စု၊ ပြင်သစ်၊အခြားနိုင်ငံများက အစ္စရေးနှင့်ဟားမာ့စ်တို့ကိုစေ့စပ်ညှိနှိုင်းပေးလျက်ရှိသည်။
၎င်းတို့က ဂါဇာစစ်ပွဲသီတင်းခြောက်ပတ်ကြာ အပစ်အခတ်ရပ်စဲရေးကို ကြိုးပမ်းလျက်ရှိပြီး ဂါဇာကမ်းမြောင်တွင်ဟားမာ့စ် ထိန်းသိမ်းထားသော ဓားစာခံများလွတ် မြောက်ရေးကိုလည်းဆောင်ရွက်လျက်ရှိသည်။
သဘောတူညီချက်၌ အစ္စရေးထိန်းသိမ်းထားသော ပါလက်စတိုင်းအကျဉ်းသားရာ ပေါင်းများစွာ ပြန်လည်လွတ်မြောက်နိုင်သည့် အနေအထားလည်းပါဝင်နေနိုင်သည်ဟု မီဒီယာများက ဖော်ပြခဲ့သည်။
“နောက်လာမယ့် တနင်္လာ(မတ်လ ၄)ရက်မှာ ကျွန်တော်တို့ အပစ်အခတ်ရပ်စဲလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်”ဟု ဖေဖော်ဝါရီ ၂၆ ရက်တွင် ဂျိုးဘိုင်ဒင်က ပြောကြားခဲ့သည်။ သဘောတူညီချက်ရရန် နီးစပ် နေပြီဖြစ်သော်လည်း မိမိတို့ပြီးပြတ်အောင် ဆောင်ရွက်ရခြင်းမရှိသေးဟု အမေရိကန်သမ္မတက ဖြည့်စွက် ပြောကြားခဲ့သည်။
ဦးတည်ချက်လားရာသည် အပြုသဘောဆောင်နေသည်ဟု အမည်မဖော်လိုသော အစ္စရေးတာဝန်ရှိသူက Ynet သတင်းဝက်ဆိုက်ကို ပြောကြားခဲ့သည်။
ကာတာစော်ဘွားရှိတ်တာမင်ဘင်ဟာ မက်အယ်သာနီသည် ဖေဖော်ဝါရီ ၂၇ ရက်တွင် ပါရီမြို့ကို ရောက်ရှိလာသည်ဟု ပြင်သစ်သမ္မတရုံးက ထုတ်ပြန်ခဲ့သည်။ ကာတာသည် ဟားမာ့စ်ခေါင်းဆောင်များကို လက်ခံထားသောနိုင်ငံဖြစ်ပြီး နိုဝင်ဘာလထဲတွင် အစ္စရေးနှင့်ဟားမာ့စ်တို့ သီတင်းတစ်ပတ်ကြာ အပစ်အခတ်ရပ်စဲမှုရရှိအောင် ကူညီခဲ့သောနိုင်ငံဖြစ်သည်။
ရှိတ်တာမင်သည် ဟားမာ့စ်ခေါင်းဆောင် အစ္စမေးလ်ဟာနီယက်ကို ယခင်ကဒိုဟာမြို့တွင် တွေ့ဆုံခဲ့ပြီး အမြဲတမ်း အပစ်အခတ်ရပ်စဲရေး ချက်ချင်းရရှိစေရန်ရည်ရွယ်သည့် ဆွေးနွေးမှုများကို လုပ်ဆောင်ခဲ့သည်ဟု ကာတာ အစိုးရသတင်းဌာနကဖော်ပြခဲ့သည်။
အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုကမူ အပစ်အခတ်ရပ်စဲရေးသည် ကြန့်ကြာလိမ့်မည်ဟု ပြောကြားခဲ့သည်။ အပစ်အခတ်ရပ်စဲမှု မှန်သမျှသည် ဂါဇာတောင်ဘက်ဖျားရှိ ရာဖာမြို့ကို မြေပြင်ထိုးစစ်ဆင် မှုအား တားဆီးနိုင်လိမ့်မည်မဟုတ်ဟု အစ္စရေးဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
ဂါဇာအခြားနေရာများမှ စစ်ရှောင်လာသူအများစုဖြစ်သည့် ပါလက်စတိုင်းပြည်သူ ၁ ဒသမ ၄ သန်းကျော်သည် အစ္စရေးမြေပြင် တပ်ဖွဲ့များတိုက်ခိုက်ခြင်းမပြုရသေးသည့် နောက်ဆုံးဂါဇာမြို့ဖြစ်သော ရာဖာတွင် စုပြုံ နေထိုင်လျက်ရှိသည်။ ထို့ကြောင့် ရာဖာကို ထိုးစစ်ဆင်တိုက်ခိုက်ခြင်းမပြုရန် အမေရိ ကန်၊ကုလသမဂ္ဂတို့အပြင်အခြားနိုင်ငံများက တောင်းဆိုထားသည်။
Ref: AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
