တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ် ကျောက္ကာကျေးရွာ လှေနစ်မြုပ်မှုတွင် ပျောက်ဆုံးသူ ၇၀ ကျော်ရှိကာ အလောင်းခုနစ်လောင်း ဆယ်ယူရရှိထားပြီး ၁၁ ဦး ဆေးကုသပေးထားရကြောင်း ဒေသခံပရဟိတအသင်းများထံမှ သိရသည်။
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် ကျောက္ကာကျေးရွာမှ မြိတ်မြို့သို့ ထွက်ခွာလာသည့် စက်လှေတစ်စီးမှာ အောက်တိုဘာ ၂၀ ရက် ည ၉ နာရီကျော်က ကျောက္ကာကျေးအနီး ကျောက္ကာချောင်းဝ၌ နှစ်မြှပ်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
စက်လှေနစ်မြှုပ်မှုကြောင့် သေဆုံး ခုနစ်ဦးနှင့် ပြင်ပလူနာ ငါးဦး၊ အတွင်းလူနာ ခြောက်ဦးတို့အား ကျောက္ကာဆေးရုံတွင် တင်ထားရကြောင်းနှင့် ပျောက်ဆုံးသူ ၇၀ ဦးခန့်ရှိကြောင်း သိရသည်။
“အခုထိ အလောင်း ခုနစ်လောင်း ရှာဖွေတွေ့ရှိထားပြီးပါပြီ။ ကျောင်းသူ/သားတွေလည်းပါတယ်၊ သီတင်းကျွတ်ကျောင်းပိတ်ရက် ရွာကိုပြန်တဲ့သူတွေပါ၊ ကျောင်းဖွင့်ရက်အမှီ မြို့ကို ပြန်သွားကြတော့ လမ်းခရီးမှာ ဒီလိုအဖြစ်ဆိုးတွေနဲ့ ကြုံရတာဖြစ်ပါတယ်။ ကျွန်တော်တို့လည်း ရေလမ်းခရီးတစ်ခုတည်းကနေ ကူညီပေးနေရတယ်။ ပုလော-မြိတ်ကားလမ်းက တိုက်ပွဲတွေကြောင့် ပိတ်နေတယ်။ ကားလမ်းအသုံးပြုလို့မရသေးဘူး။ အတော်လေးဒုက္ခရောက်ကြရတယ်ဗျာ” ဟု ပရဟိတသမားတစ်ဦးက ပြောကြားခဲ့သည်။
ကားလမ်းပိတ်နေသည့်အတွက် စက်လှေပေါ်တွင် ခရီးသွားပြည်သူအများစု လိုက်ပါလာကြောင်း သိရသည်။
ကျောက္ကာကျေးရွာမှ မြိတ်မြို့သို့ ထွက်ခွာလာသည့် စက်လှေသည် အောက်တိုဘာ ၂၀ ရက် ည ၉ နာရီ ၃၀ မိနစ်အချိန်ခန့်က ကျောက္ကာချောင်းဝတွင် နစ်မြှပ်မှုဖြစ်ပွားခဲ့ရာ ဒေသခံများက လှေများဖြင့် ကူညီကယ်ဆယ်ဆောင်ရွက်မှုကြောင့် ည ၁၁ နာရီ ၂၅ မိနစ်ခန့်က ကျောက္ကာဆေးရုံသို့ ပြင်ပလူနာ ငါးဦး၊ အတွင်းလူနာ ခြောက်ဦးတို့နှင့်အတူ သေဆုံးသူ ခုနစ်ဦးတို့အား ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ကူညီကယ်ဆယ်ရေးဆောင်ရွက်သူများ ကျောက္ကာကျေးရွာသို့ ဆက်လက်ထွက်ခွာနေပြီး ပျောက်ဆုံးသူများကို ရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
