ဇမ်ဘီယာနိုင်ငံတွင် ပြီးခဲ့သည့်နှစ် အောက်တိုဘာလက စတင်ဖြစ်ပွားခဲ့သည့် ကာလဝမ်းရောဂါကူးစက်မှုများကြောင့် သေဆုံးသူ ၂၂၂ ဦးအထိ မြင့်တက်လာခဲ့ကာ ရော ဂါကူးစက်ခံရသူအရေအတွက် ၅၄၆၂ ဦး အထိရှိလာခဲ့သည်ဟု ဇမ်ဘီယာကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ၂၄ နာရီအတွင်းမှာပင် လူ ၂၇ ဦးသေဆုံးခဲ့ပြီး ရောဂါကူးစက်ခံရသူသစ် ၅၆၇ ဦးရှိခဲ့သည်ဟု ဇမ်ဘီယာကျန်းမာရေးဝန်ကြီးဌာန၏ ဇန်နဝါရီ ၇ ရက်တွင် ထုတ်ပြန်ခဲ့ပြီးနောက် ယခုကဲ့သို့ သေဆုံးသူနှင့် ရောဂါကူးစက်ခံရသူများ ထပ်မံမြင့်တက်လာခဲ့ခြင်း ဖြစ်သည်။
ထိုကာလအတွင်းမှာပင် ဆေးရုံက ဆင်းခဲ့သည့် လူနာ ၃၄၀ ခန့်ရှိခဲ့သဖြင့် ဆေးရုံမှ ဆင်းနိုင်ခဲ့သည့် လူနာပေါင်း ၄၁၇၂ ဦးရှိကာ ဆေးရုံတင်ထားရဆဲဖြစ်သည့် လူနာအရေအတွက်မှာ ၁၀၅၉ ဦး ဖြစ်သည်။
ကျန်းမာရေးဝန်ကြီးဌာန၏ နေ့စဉ် နောက်ဆုံးရအခြေအနေများကို ဖော်ပြချက်အရ ကာလဝမ်းရောဂါသည် နိုင်ငံ၏ ပြည်နယ်ပေါင်း ၁၀ ခုအနက် ခုနစ်ခုတွင် ပျံ့နှံခဲ့ ပြီး ဇမ်ဘီယာနိုင်ငံ၏ မြို့တော် လူဆာကာသည် ကာလဝမ်းရောဂါဖြစ်ပွားမှုကို အဆုံးရွားဆုံးခံခဲ့ရသည်ဟု ဆိုသည်။
ဇမ်ဘီယာတွင် ထိုကဲ့သို့ ကာလဝမ်းရောဂါများ ကူးစက်မှု မြင့်တက်နေသဖြင့် ၂၀၂၄ ခုနှစ်အတွက် စာသင်နှစ်ကို သီတင်းသုံးပတ်ကြာ ရွှေ့ဆိုင်းကြောင်း အစိုးရက ဇန်နဝါရီ ၅ ရက်တွင် ကြေညာခဲ့သည်။
ယခင်က ဇန်နဝါရီ ၈ ရက်တွင် စာသင်နှစ်ကို စတင်ပြီး ကျောင်းများပြန်ဖွင့်ရန် စီစဉ်ထားသော်လည်း ကာလဝမ်းရောဂါများ ကူးစက်မှုကြောင့် ဇန်နဝါရီ ၂၉ ရက်အထိ စာသင်နှစ်ကို ရွှေ့ဆိုင်းခဲ့ကြောင်း ပညာရေး ဝန်ကြီး ဒေါက်ဂလပ်စ်ယာကာလီမာက ပြောကြားခဲ့သည်။
ပညာရေးကဏ္ဍအပေါ် အဆိုပါကူးစက်ရောဂါ၏ ဆိုးကျိုးသက်ရောက်မှုကို အစိုးရက စိုးရိမ်နေပြီး စာသင်ကျောင်းများတွင် အသက်အန္တရာယ်ဘေးကင်းလုံခြုံရေးသည် ဦးစားပေး ကိစ္စတစ်ခုအဖြစ် ဆက်ရှိနေမည်ဖြစ်ကြောင်း ယာကာလီမာက ပြောသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)ကလည်း ဇမ်ဘီယာနိုင်ငံ၏ ကာလဝမ်းရောဂါ ကူးစက်မှုအခြေအနေကို စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။
ဇမ်ဘီယာ၏ အိမ်နီးချင်း မာလာဝီနိုင်ငံတွင်မူ ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၄ ခုနှစ် အောက်တိုဘာလအတွင်း ကာလဝမ်းရောဂါ ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးအတွက် ရန်ပုံငွေ လိုငွေပြမှုကို ကာမိစေရန် အမေရိကန်ဒေါ်လာ ၆ သန်းခန့် လိုအပ်ကြောင်း မာလာဝီကျန်းမာရေးဝန်ကြီး ခွမ်ဘီဇီ ကန်ဒိုဒို ချီပွန်ဒါက ပြောကြားခဲ့သည်။
ကာလဝမ်းရောဂါအတွက် ကြိုတင်ပြင်ဆင်ရေးနှင့်တုံ့ပြန်ရေး အစီအစဉ်အတွက် စုစုပေါင်း အသုံးစရိတ်သည် ဒေါ်လာ ၁၈ ဒသမ ၂၃ သန်းဖြစ်ကြောင်း၊ သို့သော် ဒေါ် လာ ၁၂ ဒသမ ၂၇ သန်းသာ ရရှိထားဆဲဖြစ်ကြောင်း၊ ထို့ကြောင့် ရန်ပုံငွေကွာဟချက် ဒေါ်လာ ၅ ဒသမ ၉၆ သန်းရှိနေကြောင်း ၎င်းက ပြောကြားခဲ့သည်။
မာလာဝီနိုင်ငံအတွက် ကာလဝမ်းရောဂါကို ထိန်းချုပ်နိုင်ရန် မရှိမဖြစ် လိုအပ်သည့် အထောက်အပံ့များကို ရရှိနိုင်စေရန်အတွက် အဆိုပါ ရန်ပုံငွေကွာဟချက်ကို ဖြေရှင်းရာတွင် ကူညီပေးရန် ချီပွန်ဒါက မိတ်ဖက်အဖွဲ့ အစည်းများကို အကူအညီတောင်းခံခဲ့သည်။
မာလာဝီနိုင်ငံတွင် ပြီးခဲ့သည့်နှစ် သြဂုတ်လက ကာလဝမ်းရောဂါကို အမျိုးသား ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ မဟုတ်တော့ကြောင်း ကြေညာခဲ့ပြီးချိန်ကတည်းက ရောဂါကူးစက်မှုများကျဆင်းခဲ့ပြီး သေဆုံးသူ အနည်းငယ်သာရှိကြောင်း ချီပွန်ဒါက ဆိုသည်။
လက်ရှိ ကာလဝမ်းရောဂါဖြစ်ပွားမှု အခြေအနေသည် ၂၀၂၂ ခုနှစ်က အခြေအနေနှင့် နှိုင်းယှဉ်ပါက အများကြီး သာလွန်ကောင်းမွန်မှုရှိကြောင်း ၎င်းက ဆိုသည်။
Ref:Xinhua/AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
