ပြီးခဲ့သည့်လအတွင်း COVID-19 ကြောင့် လူပေါင်း ၁၀၀၀၀ နီးပါးသေဆုံးခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဇန်နဝါရီ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ထိုရောဂါသည် ခြိမ်းခြောက်မှုတစ်ခုအဖြစ် တည် ရှိနေဆဲဖြစ်ကြောင်း သတိပေးခဲ့သည်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာလက ခရစ္စမတ် အားလပ်ရက်ကာလတွင် လူစုဝေးမှုများနှင့် ကမ္ဘာတစ်ဝန်း ကူးစက်မှုအများဆုံးဖြစ်သည့် JN.1 မျိုးကွဲဗိုင်းရပ်စ်ကြောင့် ရောဂါကူးစက်မှုများ မြင့်တက်ခဲ့သည်ဟု WHO က များပြားသည့် သတင်းရင်းမြစ်များ၏ အချက်အလက်များကို ကိုးကားပြီး ပြောကြားခဲ့သည်။
“COVID-19 ဟာ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေမဟုတ်တော့ပေမယ့် ဗိုင်းရပ်စ်ဟာ ဆက်လက်ပျံ့နှံ့နေတာ၊ မျိုးကွဲတွေပြောင်းလဲနေတာနဲ့ လူတွေ သေဆုံးတာတွေရှိ နေဆဲဖြစ်ပါတယ်”WHO အကြီးအကဲ တက်ဒရို အက်ဒါနွမ် ဂေဘရီယေဆုက ပြောကြားခဲ့သည်။
ပြီးခဲ့သည့်လအတွင်း ကိုဗစ်ကြောင့် သေဆုံးသူ ၁၀၀၀၀ နီးပါးရှိခဲ့သည့်အပြင် ထိုရောဂါကူးစက်မှုကြောင့် ဆေးရုံတွင် ဆေးဝါးကုသမှုခံရယူသည့်နှုန်းသည် ၄၂ ရာခိုင်နှုန်း၊ အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူ ရသည့်နှုန်းသည် ၆၂ ရာခိုင်နှုန်းအထိမြင့်တက်ခဲ့ကြောင့် နိုဝင်ဘာလက ကိန်းဂဏန်းများနှင့် နှိုင်းယှဉ်ပြီး WHO က ထုတ်ပြန်ခဲ့သည်။
မည်သို့ပင်ဆိုစေ ထိုကိန်းဂဏန်းများသည် ဥရောပနှင့် အမေရိကနိုင်ငံအများစု အပါအဝင် နိုင်ငံပေါင်း ၅၀ အောက်မှ အချက်အလက်များကိုသာ အခြေခံထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု တက်ဒရိုက ပြောကြားခဲ့သည်။
“သတင်းမထုတ်ပြန်တဲ့ အခြားနိုင်ငံတွေမှာလည်း ကိုဗစ်ကူးစက်မှုတွေ မြင့်တက်နေမှာ သေချာပါတယ်။ အစိုးရတွေနဲ့ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်းစီဟာ အခြားရောဂါတွေအတွက်သာ ကြိုတင်ကာကွယ်မှုတွေ လုပ်ဆောင်နေပြီး COVID-19 ကိုကာကွယ်ဖို့လည်း ကြိုတင်ကာကွယ်မှုတွေ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်”ဟု တက်ဒရိုက ဆိုသည်။
ကိုဗစ်ကြောင့် တစ်လအတွင်း ၁၀၀၀၀ နီးပါးသေဆုံးမှုသည် ကပ်ရောဂါကာလ၏ အမြင့်ဆုံးအချိန်က သေဆုံးမှုများနှင့် နှိုင်းယှဉ်ပါကများစွာ လျော့နည်းနေသေးသော်လည်း ယခုကဲ့သို့ ကြိုတင်ကာကွယ်နိုင်စွမ်းရှိ သည့် အချိန်မျိုးတွင် ယင်းသေဆုံးမှုအရေအတွက်သည် လက်ခံနိုင်စရာမရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
အစိုးရများအနေဖြင့် ဗိုင်းရပ်စ်ကို စနစ်တကျ စောင့်ကြည့်မှုများကို ဆက်လက်လုပ်ဆောင်ရန်နှင့် အကျိုးရှိပြီး ယုံကြည်အားကိုး နိုင်လောက်သည့် စစ်ဆေးမှုများ၊ ကုသမှုများ နှင့် ကာကွယ်ဆေးများကို သေချာစွာ ရရှိစေ ရေးအတွက် လုပ်ဆောင်ကြရန် တက်ဒရိုက တိုက်တွန်းခဲ့သည်။
“လူထူထပ်တဲ့ မိုးလုံလေလုံနေရာမျိုးတွေမှာ လေဝင်လေထွက်ကောင်းအောင် လုပ်ဆောင်ဖို့၊ လိုအပ်တဲ့နေရာတွေမှာ နှာခေါင်းစည်းတွေဝတ်ဖို့၊ ရောဂါစစ်ဆေးမှုခံယူဖို့နဲ့ ကာကွယ်ဆေးတွေထိုးနှံဖို့ လူတိုင်းကို ကျွန်တော်တို့ တိုက်တွန်းပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။
၂၀၁၉ ခုနှစ်ကုန်ပိုင်းက တရုတ်နိုင်ငံ ဝူဟန်မြို့တွင် COVID-19 ရောဂါကို ဖြစ်စေသည့် SARS-CoV-2 ဗိုင်းရပ်ကို ပထမဆုံးထောက်လှမ်းတွေ့ရှိခဲ့ပြီးနောက် သုံးနှစ်ကျော်အကြာဖြစ်သည့် ၂၀၂၃ ခုနှစ် မေလတွင် တက်ဒရိုက COVID-19 ကို နိုင်ငံတကာပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေကြေညာမှုကို အဆုံးသတ်ခဲ့သည်။
Ref:AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
