လာမည့် ထိုင်ဝမ်သမ္မတရွေးကောက်ပွဲနှင့် ပါလီမန်ရွေးကောက်ပွဲများကို ပြင်ပမှ ကြားဝင်စွက်ဖက်မှုမှန်သမျှအား ဆန့်ကျင်ကြောင်း အမေရိကန်အစိုးရ အဆင့်မြင့်တာဝန်ရှိသူတစ်ဦးက ဇန်နဝါရီ ၁၀ ရက်တွင်ပြောကြားခဲ့သည်။
ယင်းသည် တရုတ်ကို ထင်ထင်ရှားရှား ရည်ညွှန်းပြောဆိုမှုလည်းဖြစ်သည်။ ယမန်နှစ် နိုဝင်ဘာလက ကယ်လီဖိုးနီးယားပြည်နယ်တွင် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နှင့် တရုတ်သမ္မတ ရှီကျင်းပင်တို့ တွေ့ဆုံစဉ်က နှစ်နိုင်ငံ စစ်ဘက်ဆက်ဆံမှုများ ပြန်လည်စတင်ရန် သဘောတူညီခဲ့ပြီးနောက် နှစ်နိုင်ငံဆက်ဆံရေး အတိမ်းအစောင်းမခံသည့် အချိန်တွင် ထိုင်ဝမ်၌ ရွေးကောက်ပွဲများ ကျင်းပသွားမည် ဖြစ်သည်။
ဒီမိုကရေစီစနစ်ကျင့်သုံးသည့် ထိုင်ဝမ်တွင် ဇန်နဝါရီ ၁၃ ရက်၌ အရေးပါသော ရွေးကောက်ပွဲများ ကျင်းပသွားမည်ဖြစ်ကာ တရုတ်နှင့် အမေရိကန်ကလည်း ၎င်းရွေးကောက်ပွဲကို စောင့်ကြည့်လျက်ရှိသည်။ နောက်တက်လာမည့် ထိုင်ဝမ်သမ္မတသည် ရန်လိုမှုမြင့်တက်လာသော တရုတ်နှင့် ထိုင်ဝမ်၏ အနာဂတ် ဆက်ဆံရေးကို အဆုံးအဖြတ်ပေးမည် ဖြစ်သည်။
ထိုင်ဝမ်ရွေးကောက်ပွဲများတွင် အမေရိကန်အနေဖြင့် မည်သည့်ဘက်ကမှ ရပ်တည်မည် မဟုတ်သကဲ့သို့ မိမိတို့အလိုလားဆုံး ကိုယ်စားလှယ်လောင်းဟူ၍လည်း မရှိကြောင်း အမည်မဖော်လိုသည့် အမေရိကန် အစိုးရတာဝန်ရှိသူတစ်ဦးက သတင်းထောက်များကို ပြောကြားခဲ့သည်။
“ထိုင်ဝမ်ရွေးကောက်ပွဲတွေမှာ ပြင်ပက ဘယ်လိုကြားဝင်စွက်ဖက်မှုကိုမဆို မိမိတို့အနေနဲ့ ဆန့်ကျင်ပါတယ်။ ရွေးကောက်ပွဲမှာ ဘယ်သူပဲအနိုင်ရသည်ဖြစ်စေ ထိုင်ဝမ်အပေါ် မိမိတို့ရဲ့မူဝါဒဟာ တစ်သမတ်တည်းရှိ နေမှာဖြစ်ပြီး မိမိတို့ရဲ့ ခိုင်မာတဲ့ အလွတ်သဘော ဆက်ဆံရေးဟာ ဆက်လက်တည်တံ့နေမှာဖြစ်တယ်”ဟု ၎င်းက ထပ်မံပြောကြားခဲ့ သည်။
အမေရိကန်နှင့် ထိုင်ဝမ်အကြား တရားဝင် သံတမန်ဆက်ဆံရေး ထူထောင်ထားခြင်းမရှိသော်လည်း နိုင်ငံတကာမျက်နှာစာတွင် အမေရိကန်သည် ထိုင်ဝမ်ကို ကျောထောက် နောက်ခံပေးနေသည့် အရေးအပါဆုံး နိုင်ငံဖြစ်သည်။
“အဲဒီရွေးကောက်ပွဲဟာ ပုံမှန်လုပ်ရိုးလုပ်စဉ် ဒီမိုကရေစီ လုပ်ငန်းစဉ်ရဲ့ တစ်စိတ်တစ်ဒေသဖြစ်တယ်။ တရုတ်အနေနဲ့ စစ်ရေးအရ ဖိအားပေးတာ၊ နိုင်ထက်စီးနင်းပြုမူတာတွေ ထပ်မံလုပ်ဆောင်တဲ့ နည်းလမ်းနဲ့ တုံ့ပြန်မယ်ဆိုရင် ပြဿနာဖန်တီးသူ ဖြစ်လာပါလိမ့် မယ်”ဟု ၎င်းတာဝန်ရှိသူက ဆိုသည်။
ထိုင်ဝမ်ရေလက်ကြားဒေသ တည်ငြိမ်အေးချမ်းမှု ထိခိုက်ပျက်ပြားလာလျှင် ကမ္ဘာ့စီးပွားရေးကို ပြင်းပြင်းထန်ထန် ထိခိုက်စေမည်ဖြစ်ပြီး ကမ္ဘာ့နိုင်ငံအားလုံး၏ စီးပွားရေးကိုပါ ရိုက်ခတ်လာမည်ဟု ၎င်းက သတိပေးခဲ့သည်။
တရုတ်-အမေရိကန် ဆက်ဆံရေးဆိုးရွားစွာ ထိခိုက်ခြင်းမရှိအောင် ရှောင်လွှဲနိုင်ရန်အတွက် အမေရိကန်အနေဖြင့် ထိုင်ဝမ်ရွေးကောက်ပွဲတွင် ကြားဝင်စွက်ဖက်နေခြင်းကို ရှောင်ကြဉ်ရန် ဇန်နဝါရီ ၁၁ ရက်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရက တိုက်တွန်းခဲ့သည်။ ထိုင်ဝမ်နှင့် အမေရိကန် တာဝန်ရှိသူများ အပြန်အလှန် သွားရောက်မှုများကို ပြတ်ပြတ်သားသားဆန့်ကျင်ကြောင်းလည်း တရုတ်ကဆိုသည်။ Ref:Reuters
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
