အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်သည် ဆီးကျိတ်ကင်ဆာခွဲစိတ် ကုသခြင်းမှ ဆင့်ပွားရောဂါများ ဖြစ်ပွားလာခြင်းကြောင့် လွန်ခဲ့သော သီတင်းပတ်တွင် အရေးပေါ်ကုသဆောင်သို့ တက်ရောက်ခဲ့ရသည်ဟု ဇန်နဝါရီ ၉ ရက်တွင် ဆရာဝန်များက ပြောကြားခဲ့သည်။
ဆေးရုံရက်ရှည်တက်နေရသည့် အကြောင်းကို အိမ်ဖြူတော်ထံ အသိပေးရန် ရက်ပေါင်းများစွာ စောင့်ဆိုင်းနေခဲ့သည့်အတွက် အမေရိကန်ကာကွယ်ရေးဝန်ကြီးသည် ဝေဖန်မှုများကို ရင်ဆိုင်ခဲ့ရသည်။
အစ္စရေး-ဟားမာ့စ်စစ်ပွဲမှ ကူးစက်လာသည့်ပြဿနာကို ထိန်းချုပ်ရန် အမေရိကန် ပြည်ထောင်စုလုံးပန်းနေရချိန်တွင် အသက် ၇၀ နှစ်အရွယ် ကာကွယ်ရေးဝန်ကြီး ဆေးရုံ တက်နေရခြင်းဖြစ်သည်။ အီရတ်နှင့်ဆီးရီးယားတို့တွင်ချထားသော အမေရိကန်စစ်သားများ တိုက်ခိုက်ခံနေရပြီး ပင်လယ်နီ ရေလမ်းကြောင်းကို ဖြတ်သန်းခုတ်မောင်းနေသော ကုန်သင်္ဘောများကို ယီမင်၏ဟူသီရ် သူပုန်တို့က တိုက်ခိုက်မှုများလုပ်ဆောင်လျက် ရှိသည်။ ၎င်းတို့သည်အစ္စရေး-ဟားမာ့စ် စစ်ပွဲမှ ကူးစက်လာသော ပြဿနာများဖြစ်သည်။
ကြိုတင်ကုသမှုလုပ်ဆောင်ရင်း ရောဂါသစ်တိုးလာသည့်အတွက် အော်စတင်သည် ဇန်နဝါရီ ၁ ရက်တွင် ဝေါလ်တာရိဒ်အမျိုးသား စစ်ဆေးရုံကို တက်ရောက်ခဲ့ရသည်ဆိုသော်လည်း ပင်တဂွန်သည် နောက်လေးရက်ကြာသည်အထိ အော်စတင် ဆေးရုံတက်နေရသည့်အကြောင်းကို အများပြည်သူထံ ထုတ် ပြန်ပေးခြင်းမရှိခဲ့ပေ။ ထို့အပြင် အခြားအစိုးရထိပ်တန်းတာဝန်ရှိသူများကို အသိပေးရန်လည်း စောင့်ဆိုင်းခဲ့သည်။
အော်စတင်၏ ဆီးကျိတ်ကင်ဆာကို စောစောစီးစီးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ၎င်း၏ ရောဂါအခြေအနေတိုးတက်မှုသည် အလွန်ကောင်းမွန်သည်ဟု ဝေါလ်တာရိဒ်စစ်ဆေးရုံက ဆရာဝန်နှစ်ဦးက ပြောကြားကြောင်း ပင်တဂွန်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပုံမှန် စစ်ဆေးမှုလုပ်ဆောင်ရာတွင် ကင်ဆာရောဂါကို ရှာတွေ့ခဲ့ခြင်းဖြစ်သည်။ အော်စတင်သည် အဆိုပါကင်ဆာရောဂါကို ဒီဇင်ဘာ ၂၂ ရက်တွင် အသေးစားခွဲစိတ် ကုသမှု ခံယူခဲ့သည်ဟု ဆိုသည်။ ထို့နောက် အော်စတင်သည် ဒီဇင်ဘာ ၂၃ ရက်တွင် ဆေးရုံမှဆင်းကာ အိမ်ပြန်သွားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သို့ရာတွင် ဝမ်းဗိုက်၊ တင်ပါး၊ ခြေထောက်တို့ ကိုက်ခဲခြင်းနှင့်အတူ မအီမသာဖြစ်ခြင်းအပါအဝင် ဆင့်ပွားရောဂါများ ဖြစ်ပွားလာခြင်းကြောင့် အော်စတင်သည် ဇန်နဝါရီ ၁ ရက်တွင် ဝေါလ်တာရိဒ်စစ်ဆေးရုံကို ပြန်လည် တက်ရောက်ခဲ့သည်။ ကနဦး စစ်ဆေးမှုများအရ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို တွေ့ရှိခဲ့ရသောကြောင့် အော်စတင်သည် နောက်ထပ်ကုသမှုကို ခံယူခဲ့ရသည်။
အော်စတင်သည် အသေးစိတ်ဖော်ပြထားခြင်းမရှိသော ဆေးစစ်မှုကို ဒီဇင်ဘာ ၂၂ ရက်တွင် လုပ်ဆောင်ခဲ့ကြောင်း၊ ဒီဇင်ဘာ ၂၃ ရက်တွင် ဆေးရုံမှ ဆင်းလာခဲ့ကြောင်း၊ သို့ရာတွင် ဇန်နဝါရီ ၁ ရက်တွင် ပြင်းပြင်းထန်ထန် စတင်နာကျင်လာကြောင်း၊ ထို့ကြောင့် လူနာတင်ယာဉ်ဖြင့် ဝေါလ်တာရိဒ်ဆေးရုံကို တင်လိုက်ရကြောင်း ပင်တဂွန်ပြောရေးဆိုခွင့်သူ ဗိုလ်ချုပ် ပက်ရိုက်ဒါက ဇန်နဝါရီ ၈ ရက်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
Ref:AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
