စပိန်နာမည်ကျော်နည်းပြ ဂွါဒီယိုလာသည် မန်စီးတီးအသင်းမှ ထွက်ခွာခဲ့လျှင် နယ်သာလန်လက်ရွေးစင်အသင်းနည်းပြအဖြစ် ကမ်းလှမ်းရန် ဒတ်ချ်ဘောလုံးအဖွဲ့ချုပ်(KNVB) က စိတ်ဝင်စားနေကြောင်း သိရသည်။
ဂွါဒီယိုလာအနေဖြင့် မန်စီးတီးအသင်းတွင် ၂၀၂၃ ခုနှစ်၊ ဇွန်လအထိ စာချုပ်သက်တမ်းရှိနေပြီး ၎င်းကိုယ်တိုင်ကလည်း တစ်နေ့နေ့တွင် နိုင်ငံလက်ရွေးစင်အသင်းနည်းပြအဖြစ်ဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း အတိအလင်းဝန်ခံထားသူဖြစ်သည်။
လက်ရှိနည်းပြ လူးဝစ်ဗန်ဟားလ်နေရာတွင် ဂွါဒီယိုလာမှာ အကောင်းဆုံးအစားထိုးမှုဖြစ်စေမည်ဟု KNVB က ရှုမြင်ထားကြောင်း သိရသည်။
ဂွါဒီယိုလာသည် မန်စီးတီးအသင်းတွင် ပရီးမီးယားလိဂ်ဖလား (၄)ကြိမ်၊ FA ဖလား (၁)ကြိမ်နှင့် လိဂ်ဖလား (၄)ကြိမ် ရယူပေးထားပြီး ယခုရက်သတ္တပတ်တွင် ပရီးမီးယားလိဂ် အမှတ်(၅၀၀)ကို အမြန်ဆုံးရယူနိုင်သည့်နည်းပြအဖြစ်လည်း မှတ်တမ်းဝင်ထားသူဖြစ်သည်။
နယ်သာလန်အသင်း၏လက်ရှိနည်းပြ ဗန်ဟားလ်မှာ ၂၀၂၂ ခုနှစ် အကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
