အဲဗာတန်အသင်း၏ ပရိသတ်များသည် အက်စတွန်ဗီလာအသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် အသင်းပိုင်ရှင်နှင့် ဘုတ်အဖွဲ့ ရာထူးမှ နုတ်ထွက်ပေးရန် ဆန္ဒပြတောင်းဆိုခဲ့ကြကြောင်း သိရသည်။
ယင်းပွဲရလဒ်မှာ အဲဗာတန်အသင်းအတွက် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် (၁၁)ပွဲမြောက် ရှုံးနိမ့်ခြင်းဖြစ်ပြီး တန်းဆင်းဇုန်ထဲမှ အသင်းများနှင့် အမှတ်သိပ်မကွာတော့သည့် အနေအထားဖြစ်လာခဲ့သည်။
ထို့ကြောင့် အဲဗာတန်ပရိသတ်အချို့သည် ပွဲအပြီးတွင် ကွင်းပြင်သို့ ချက်ချင်းမထွက်ခွာဘဲ ဆန္ဒပြမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အဲဗာတန်ပရိသတ်များသည် ''အသင်း ဥက္ကဋ္ဌ ကင်ရိုက်နှင့် အပေါင်းအပါများ အသင်းမှ ထွက်ခွာသင့်ပြီ''ဆိုသည့်စာသား၊ ''ဘုတ်အဖွဲ့ကိုထုတ်ပစ်''ဟူသည့် စာသားများ ကိုင်ဆောင်ကာ ဆန္ဒပြတောင်းဆိုခဲ့ကြခြင်းဖြစ်သည်။
ထို့ပြင် ကွင်းပြင်တွင်လည်း ဆန္ဒပြမှုများ ဆက်လက်ပြုလုပ်ခဲ့ရာ အဲဗာတန်အသင်း ဥက္ကဋ္ဌ ဘီလ်ကင်ရိုက်က ပရိသတ်အချို့နှင့် စကားပြောခဲ့ကြောင်းလည်း သိရသည်။
အဲဗာတန်ပရိသတ်များသည် ရည်မှန်းချက်ကင်းမဲ့သလိုဖြစ်နေသော အသင်း၏အခြေအနေအပေါ် အလိုမကျ၍ ဆန္ဒပြခြင်းဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
