ဘိုင်ယန်မြူးနစ်အသင်းသည် အသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးတော့မည့် ဂျာမနီလက်ရွေးစင်နောက်ခံလူ ဇူလာ၏နေရာတွင်အစားထိုးရန်အတွက် ချယ်လ်ဆီးအသင်း၏ ဒိန်းမတ်လက်ရွေးစင်နောက်ခံလူ ခရစ္စတန်ဆန်အားခေါ်ယူရန်စိတ်ဝင်စားနေကြောင်းသိရသည်။
အသက် (၂၆)နှစ်အရွယ်ရှိ ဇူလာသည် လာမည့်နွေရာသီအပြောင်းအရွှေ့တွင် ဘိုင်ယန်မြူးနစ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ၎င်းအားအလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူရန် ပရီးမီးယားလိဂ်ကလပ်အသင်းများဖြစ်သည့် ချယ်လ်ဆီးနှင့် နယူးကာဆယ်တို့က အပြိုင်စိတ်ဝင်စားလျက်ရှိနေသည်။
ထို့ကြောင့်ဘိုင်ယန်မြူးနစ်အသင်းသည် ဇူလာ၏နေရာအား ပြန်လည်အားဖြည့်ရန်အတွက် လာမည့်နွေရာသီတွင် ချယ်လ်ဆီးအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးတော့မည့် ခရစ္စတန်ဆန် အားခေါ်ယူရန် ပြန်လည်ပစ်မှတ်ထားနေခြင်းဖြစ်သည်။
အသက် (၂၅)နှစ်အရွယ်ရှိ ခရစ္စတန်ဆန်သည် နည်းပြ တူဟယ်လ်၏လက်အောက်တွင် ချယ်လ်ဆီးအသင်း၌ ပုံမှန်နေရာရရန် ရုန်းကန်နေရပြီး အသင်းနှင့်စာချုပ်သစ်ချုပ်ဆိုနိုင်ခြင်းမရှိသေးရာ လာမည့်နေရာသီတွင် အသင်းမှထွက်ခွာရန် သေချာသလောက်ရှိနေပြီဖြစ်သည်။
ခရစ္စတန်ဆန်အားခေါ်ယူရန်အတွက် ဘိုင်ယန်မြူးနစ်အသင်းအပြင် ဘာစီလိုနာနှင့် ဂျူဗင်တပ်စ်အသင်းတို့ကလည်းစိတ်ဝင်စားနေကြောင်းသိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
