အာဆင်နယ်အသင်းသည် ယခုဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ခေါ်ယူရန်ပစ်မှတ်ထားနေသော ဖီအိုရင်တီးနားအသင်း၏ ဆားဘီးယားလက်ရွေးစင်တိုက်စစ်မှူး ဗဟာလိုဗစ်အားမခေါ်ယူနိုင်ခဲ့ပါက အဲဗာတန်အသင်း၏ အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူး ကယ်လ်ဗတ်လူဝင်အားခေါ်ယူနိုင်ရန် ပြောင်းလဲပစ်မှတ်ထားနေကြောင်းသိရသည်။
အူဘာမီယန်း၊ လာကာဇက်နှင့် ပေပေတို့ကဲ့သို့သော တိုက်စစ်မှူးများ၏အနာဂတ်မသေမချာဖြစ်နေသော အာဆင်နယ်အသင်းသည် အသင်း၏တိုက်စစ်ပိုင်းအား ရေရှည်အတွက်ရည်ရွယ်ကာ အရည်အသွေးမြင့်တိုက်စစ်မှူးများခေါ်ယူရန် စီစဉ်နေပြီး ဗလာဟိုဗစ်မှာ အသင်း၏အဓိကပစ်မှတ်ထားကစားသမားဖြစ်နေသည်။ ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်းက အာဆင်နယ်အသင်းအနေဖြင့် ဗလာဟိုဗစ်အားခေါ်ယူနိုင်ရန် သဘောတူညီမှုရခဲ့ပြီဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း လက်ရှိအချိန်အထိ သဘောတူညီမှုမရသေးသလို ဖီအိုရင်တီးနားအသင်းနှင့် ကစားသမားကိုယ်တိုင်ကလည်း အပြောင်းအရွှေ့အတွက် စိတ်အားထက်သန်မှုနည်းပါးလျက်ရှိနေသည်။
ထို့ကြောင့်အာဆင်နယ်အသင်းသည် ဗလာဟိုဗစ် (၂၁ နှစ်)အားခေါ်ယူရန် အဆင်မပြေခဲ့ပါက ပရီးမီးယားလိဂ်အတွေ့အကြုံရှိတိုက်စစ်မှူးတစ်ဦးဖြစ်သော ကယ်လ်ဗတ်လူဝင်အားခေါ်ယူရန် ပြောင်းလဲပစ်မှတ်ထားနေခြင်းဖြစ်သည်။ အသက် (၂၄)နှစ်အရွယ်ရှိ အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူး ကယ်လ်ဗတ်လူဝင်သည် ယခုရာသီတွင် ဒဏ်ရာပြဿနာများဖြင့်ရုန်းကန်နေရပြီး ပွဲကစားခွင့်ပျောက်ဆုံးနေသော်လည်း ပြီးခဲ့သည့် (၂)ရာသီတွင်း အဲဗာတန်အသင်းအတွက် ပြိုင်ပွဲစုံပွဲ (၈၀)ရာတွင် (၃၆)ဂိုးသွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့သူဖြစ်သည်။
အာဆင်နယ်အသင်းသည် ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ကတည်းက ကယ်လ်ဗတ်လူဝင်အားခေါ်ယူရန် သတင်းများထွက်ပေါ်ခဲ့ဖူးပြီး လက်ရှိအချိန်တွင် ပြန်လည်ကြိုးပမ်းလာဖွယ်ရှိနေကြောင်းသိရသည်။ အာဆင်နယ်အသင်းသည် ယခုဇန်နဝါရီအပြောင်းအရွှေ့ကာလတွင်း အရည်အသွေးမြင့်တိုက်စစ်မှူးတစ်ဦး မဖြစ်မနေခေါ်ယူရန် စီစဉ်နေပြီး လာမည့်ရက်ပိုင်းအတွင်း တရားဝင်ကမ်းလှမ်းမှုများစတင်ဖွယ်ရှိနေကြောင်းသိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
