အာဆင်နယ်အသင်း၏ စိတ်ဝင်စားခြင်း ခံနေရသည့် ပေါ်တူဂီလက်ရွေးစင်ကွင်းလယ်လူ ရီနာတိုဆန်းချက်စ်က သူသည် လက်ရှိကလပ် လိုင်လီအသင်းမှ ထွက်ခွာရန်အသင့်ရှိနေကြောင်း ပြောကြားခဲ့သည်။
အာဆင်နယ်အသင်းသည် လက်ရှိအသင်မှ ကွင်းလယ်လူ ချာကာ၏ စည်းကမ်းပိုင်းဆိုင်ရာ အခြေအနေနှင့် ခြေစွမ်းပိုင်းကို စိတ်ပျက်နေသည့်အတွက် ကွင်းလယ်ကစားသမားသစ်တစ်ဦး ရှာဖွေနေပြီး ရီနာတိုဆန်းချက်စ်အား ခေါ်ယူရန် စိတ်ဝင်စားနေခြင်းဖြစ်သည်။
ရီနာတိုဆန်းချက်စ်သည် ဘိုင်ယန်မြူးနစ်အသင်းတွင် အောင်မြင်မှု မရရှိခဲ့သူဖြစ်ပြီး ပရီးမီးယားလိဂ်တွင် အငှားဖြင့် လာရောက်ကစားခဲ့စဉ်ကလည်း အောင်မြင်မှုမရရှိခဲ့ချေ။
ယခုအချိန်တွင်မူ ဥရောပထိပ်တန်းအသင်းကြီးများ၏ စိတ်ဝင်စားခြင်းကို ခံနေရသူဖြစ်ပြီး အာဆင်နယ်အသင်းလည်း ပါဝင်လာခြင်းဖြစ်သည်။
'' အေစီမီလန်နဲ့ အာဆင်နယ်တို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ကျွန်တော့်ကို ဘယ်အသင်း လိုချင်နေသလဲဆိုတာ ကျွန်တော် သိပါတယ်။ အေးဂျင့်နဲ့လည်း စကားပြောထားပြီး စိတ်ကြိုက်ကမ်းလှမ်းမှုကို စောင့်နေပါတယ်'' ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
