ပရီးမီးယားလိဂ်အဖွဲ့ချုပ်သည် တိကျမှုအားနည်းသည့် စည်းမျဉ်းဖြင့် ပွဲစဉ် (၂၂) ပွဲကို ရွှေ့ဆိုင်းခဲ့ပြီးနောက် ဝေဖန်မှုများ မြင့်တက်လာသဖြင့် ပိုမိုတင်းကျပ်သည့် စည်းမျဉ်းဖြင့် ပွဲရွှေ့ဆိုင်းမှုများကို ပြုလုပ်ရန် စီစဉ်လာခဲ့ကြောင်း သိရှိရသည်။
လက်ရှိ ပရီးမီးယားလိဂ်တွင် ပွဲစဉ်များကို ရွှေ့ဆိုင်းရန် အသုံးပြုနေသည့် စည်းမျဉ်းမှာ လက်ကျန်ကစားသမားအရေအတွက်အပေါ် အခြေပြု စဉ်းစားနေခြင်းဖြစ်သည်။
ယင်းစည်းမျဉ်း၏ အားနည်းချက်မှာ ကလပ်အသင်းများ၏ COVID ဖြစ်ပွားမှုအခြေအနေကို ပွဲတစ်ပွဲ၏ နောက်ဆုံးအချိန် ရောက်လာသည်အထိ အတိအကျ မသိနိုင်သေးသဖြင့် အနီးကပ်မှ ပွဲစဉ်ရွှေ့ဆိုင်းရသည့် ဖြစ်ရပ်များဖြစ်ပေါ်ခဲ့သည်။
ယင်းကဲ့သို့ ရွှေ့ဆိုင်းခဲ့ရသည့် ပွဲအရေအတွက်မှာ (၂၂)ပွဲအထိ ရှိလာခဲ့ပြီးနောက် ဝေဖန်မှုများမြင့်တက်လာခဲ့ခြင်းလည်းဖြစ်သည်။
ယင်းအတွက်ကြောင့် ပရီးမီးယားလိဂ်က လက်ကျန်ကစားသမား အရေအတွက်အစား ကိုဗစ်ဖြစ်ပွားသည့် ကစားသမားအရေအတွက်ဖြင့် ဆုံးဖြတ်မည့်စနစ်ကို ပြောင်းလဲရန် စီစဉ်လာခဲ့ခြင်းဖြစ်ပြီး ကလပ်အသင်းများက ကိုဗစ်ကူးစက်ခံရသည့် ကစားသမားအထောက်အထားကို ပြသရမည်ဖြစ်သည်။
ယင်းစည်းမျဉ်းအရ ကိုဗစ်ဖြစ်ပွားသည့် ကစားသမားအရေအတွက် (၄)ဦးရှိပါက ဖျက်သိမ်းရန် စီစဉ်ထားခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
