စပါးအသင်းနှင့် လီဗာပူးလ်အသင်းတို့၏ ဂန္ထဝင်ကစားသမားဟောင်းတစ်ဦးဖြစ်သည့် ဂျေမီရက်နက်ပ်က စပါးအသင်း၏ဥက္ကဋ္ဌဖြစ်သူ ဒန်နီယဲလ်လီဗီ၏ လုပ်ပုံကိုင်ပုံများကြောင့် ထိပ်တန်းနည်းပြတစ်ဦးဖြစ်သည့် ကွန်တီ အသင်းမှ ပြန်လည်ထွက်ခွာသွားမည်ကို စိုးရိမ်မိသည်ဟု ပြောကြားခဲ့သည်။
ဂျေမီရက်နက်ပ်က ကွန်တီအနေဖြင့် အသင်း၏ အင်အားကို တိုးချဲ့ရန်အတွက် အပြောင်းအရွှေ့အသုံးစရိတ် သေချာပေါက်လိုအပ်သည်ဟု ယုံကြည်နေပြီး စပါးအသင်း၏ဥက္ကဋ္ဌဖြစ်သည့် လီဗီကမူ ယခုအချိန်အထိ ကစားသမား ခေါ်ယူမှုများအတွက် အားသွန်ခွန်စိုက်လှုပ်ရှားခြင်းမရှိသေးပေ။
စပါးအသင်းသည် ကွန်တီ ရောက်ရှိလာချိန်ကတည်းက သိသာသည့် တိုးတက်ပြောင်းလဲမှုများ ရှိလာခဲ့ပြီး ၎င်းရောက်ရှိလာချိန်မှ စတွက်လျှင် အမြင့်ဆုံးရရှိနိုင်သည့် ရမှတ်(၃၀)တွင် (၂၁)မှတ်အထိ ရယူနိုင်ခဲ့သည်။
တစ်ပွဲပျမ်းမျှ (၂.၁)မှတ်နှုန်းသည် စပါးအသင်းအတွက် အလွန်မြင့်မားသည့် နှုန်းထားဖြစ်နေပြီး ရက်နက်ပ်က အသင်းတွင် ကွန်တီ ဆက်ရှိနေရန်မှာ အသင်းအနာဂတ်အတွက် အလွန်အရေးကြီးသည်ဟုလည်း ပြောကြားခဲ့သည်။
ရက်နက်ပ်က ''သူ့အတွက် သူလိုအပ်တဲ့ ကစားသမားတွေ ရှိနေဖို့ လိုပါတယ်။ သူနဲ့ လီဗီတို့ ကြားထဲမှာလည်း ဒီအတွက် သေချာပေါက် သဘောတူညီမှု ရှိထားပါလိမ့်မယ်။ ဒါပေမဲ့ အခုအချိန်အထိ လီဗီက ကွန်တီ လိုအပ်တဲ့ ကစားသမားတွေကို ခေါ်ပေးနိုင်ခြင်းမရှိသေးပါဘူး။ ကွန်တီဟာ စပါးအသင်းရဲ့ လက်ရှိရပ်တည်မှုအတွက် မယုံနိုင်စရာအလုပ်တွေကို လုပ်နိုင်ခဲ့ပါတယ်။ သူက စပါးအသင်းအတွက် တကယ်လိုအပ်နေတဲ့ နည်းပြမျိုးဖြစ်ပြီး ကလပ်အသင်း အနာဂတ်အတွက် သေချာပေါက် ဆက်ရှိနေရမယ့်သူပါ။ ဒါပေမဲ့ ဒီအတိုင်းသာဆိုရင် အသင်းကနေ ပြန်ထွက်သွားနိုင်ပါတယ်''ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
