အဲဗာတန်နည်းပြအဖြစ် ဗစ်တာပယ်ရဲရားကို ခန့်အပ်ရန် ပိုမိုနီးစပ်လာ
24htopnews | October 27, 2024 12:12 AM CST
လစ်လပ်လျက်ရှိသည့် အဲဗာတန်အသင်းနည်းပြရာထူးအတွက် ပေါ်တူဂီလူမျိုးနည်းပြ ဗစ်တာပယ်ရဲရားကို ခန့်အပ်ရန် နီးစပ်လာနေကြောင်း BBC သတင်းဌာနက ဖော်ပြခဲ့သည်။
ပယ်ရဲရား(၅၃ နှစ်)သည် အဲဗာတန်အသင်းနှင့် ချိတ်ဆက်မှုများ ပြုလုပ်ခဲ့ပြီးဖြစ်ပြီး ၎င်းမှာ ပြီးခဲ့သည့်ဒီဇင်ဘာလတွင် ဖီနာဘာချီအသင်းမှ ထွက်ခွာလာပြီးကတည်းက အသင်းလက်မဲ့ဖြစ်နေသူဖြစ်သည်။
အဲဗာတန်အသင်းပိုင်ရှင် မိုရှီရီသည် အစောပိုင်းတွင် အသင်းနည်းပြဟောင်းဖြစ်သူ ဘယ်လ်ဂျီယံအသင်းနည်းပြ ရောဘတ်တိုမာတီနက်ဇ်ကို ပြန်လည်ခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း ဘယ်လ်ဂျီယံ FA မှ ပယ်ချခဲ့သောကြောင့် ပယ်ရဲရားကို ပြောင်းလဲကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
