PSG အသင်းမှ Ballon d'Or စံချိန်တင်ဆုရှင် မက်ဆီအပေါ် ဝေဖန်နေမှုများသည် ဘောလုံးအကြောင်းကို လုံးဝနားမလည်ခြင်းသာဖြစ်သည်ဟု El Clasico ပြိုင်ဘက်ဟောင်းဖြစ်သူ ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး ဘန်ဇီမာက မှတ်ချက်ပြုခဲ့သည်။
ထို့ပြင် ၎င်းက မက်ဆီသည် သူ၏မိခင်နိုင်ငံဖြစ်သည့် ပြင်သစ်မြေတွင် အောင်မြင်မှု ရရှိလိမ့်မည်ဟုလည်း သုံးသပ်ခဲ့သည်။
ဘန်ဇီမာ၏ ရီးယဲလ်အသင်းနှင့် မက်ဆီ၏ PSG အသင်းသည် ချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းအဆင့်တွင် တွေ့ဆုံနေလျက်ရှိပြီး ဖေဖော်ဝါရီလ(၁၅)ရက်နှင့် မတ်လ(၉)ရက်တွင် ကစားရမည်ဖြစ်သည်။
မက်ဆီသည် သူ၏ကစားသမားဘဝ နှစ်(၂၀)ကို ဖြတ်သန်းခဲ့သည့် ဘာစီလိုနာအသင်းနှင့် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလက လမ်းခွဲခဲ့ပြီး စိန်ခေါ်မှုသစ်အတွက် ပြင်သစ်နိုင်ငံမြို့တော် ပါရီမြေသို့ ရောက်ရှိလာခြင်းဖြစ်သည်။
အသက်(၃၄)နှစ်အရွယ်ရှိပြီဖြစ်သူ မက်ဆီအနေဖြင့် PSG အသင်းနှင့် (၂)နှစ်သက်တမ်းအပြင် တစ်နှစ်သက်တမ်းတိုးခွင့်ရှိသည့်စာချုပ်ကို ချုပ်ဆိုထားခြင်းဖြစ်ပြီး အခွန်ဆောင်အပြီး တစ်နှစ်လျှင် လစာငွေ ပေါင် (၂၅)သန်းဝန်းကျင်ရရှိနေကြောင်း သိရသည်။
သို့သော် PSG အသင်းသို့ ရောက်ရှိလာပြီးနောက် မက်ဆီမှာ ဒဏ်ရာပြဿနာများနှင့် ရုန်းကန်နေရပြီး မျှော်လင့်ထားသကဲ့သို့ ခြေစွမ်းမပြနိုင် ဖြစ်ခဲ့ရသည်။
မက်ဆီသည် ယခုရာသီတွင် PSG အသင်းအတွက် ပြိုင်ပွဲစုံ Reims နှင့်ပွဲမပါ) (၁၆)ပွဲသာ ကစားထားရပြီး သွင်းဂိုး(၆)ဂိုးနှင့် ဂိုးဖန်တီးမှု (၅)ကြိမ်သာ ပြုလုပ်ထားနိုင်ခဲ့ကြောင်း သိရသည်။
အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီသည် ယင်းသွင်းဂိုး (၆)ဂိုးအနက် (၅)ဂိုးအား ချန်ပီယံလိဂ်အုပ်စုအဆင့် ပွဲစဉ် (၅)ပွဲကစားရာတွင် သွင်းယူခဲ့ခြင်းဖြစ်သည်။
မက်ဆီသည် ပြင်သစ်အမှတ်ပေးပြိုင်ပွဲတွင် ပိုမိုရုန်းကန်နေရလျက်ရှိပြီး တစ်ဂိုးသာ သွင်းယူထားနိုင်ခဲ့ကြောင်း သိရသည်။
၎င်းအနေဖြင့် ပြီးခဲ့သည့်ခရစ္စမတ်ကာလအားလပ်ရက်တွင် မိသားစုနှင့်အတူ မိခင်နိုင်ငံ အာဂျင်တီးနားသို့ ပြန်သွားပြီးနောက် COVID-19 ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရသည့်အတွက် ပြီးခဲ့သည့် Reims နှင့်ပွဲစဉ်တွင်မှ အသင်းလူစာရင်းတွင် ပြန်လည်ပါဝင်လာခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် မက်ဆီအပေါ် ဝေဖန်မှုများရှိနေချိန်တွင် El Clasico ပွဲစဉ်များတွင် ပြိုင်ဘက်အဖြစ် ရင်ဆိုင်ခဲ့ရဖူးသူ ပြင်သစ်တိုက်စစ်မှူး ဘန်ဇီမာက ပြင်သစ်ရုပ်သံ Telefoot နှင့်တွေ့ဆုံမှုတွင် ကာကွယ်မှုများ ပြုလုပ်ခဲ့သည်။
''မက်ဆီလို ကစားသမားတစ်ယောက်ကို ဝေဖန်တိုက်ခိုက်လို့ မရပါဘူး။ သူ့ကိုဝေဖန်တဲ့သူတစ်ယောက်ဟာ အချက်အလက်အရတော့ ဘောလုံးအကြောင်းကို ဘာမှနားမလည်တဲ့သူပဲဖြစ်ပါတယ်''ဟု ဘန်ဇီမာက ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
