အေစီမီလန်ဝါရင့်တိုက်စစ်မှူး အီဘရာဟီမိုဗစ်က ပြင်သစ်လူငယ်ကြယ်ပွင့် ဘာပေအား PSG အသင်းကို စွန့်ခွာပြီး ရီးယဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့ကစားရန် တိုက်တွန်းခဲ့ဖူးသည်ဟု ဖွင့်ဟခဲ့သည်။
ပြင်သစ်အားကစားသတင်းစာ L'Equipe က ဘာပေ၏အနာဂတ်နှင့် ပတ်သက်ပြီး မေးမြန်းမှုကို အီဘရာဟီမိုဗစ်က ''ကိုင်လီယန်ကပဲ သူဘယ်သွားမယ်ဆိုတာ ခင်ဗျားကို ဖြေနိုင်ပါလိမ့်တယ်။ သူ ဘာတွေလုပ်ချင်သလဲ၊ ဘယ်လိုတွေးထားသလဲပေါ်မှာ မူတည်ပါတယ်။ တစ်ချိန်တုန်းကတော့ သူ ကျွန်တော့်ကို အကြံညဏ်တောင်းခံခဲ့တယ်ဆိုတာ အမှန်တရားပါ။ သူ့ နေရာမှာ ကျွန်တော်သာဆိုရင် ရီးယဲလ်ကို သွားလိမ့်မယ်လို့ ပြန်ဖြေခဲ့ပါတယ်။ မတူညီတဲ့နိုင်ငံတွေက ကလပ်အသင်းတွေမှာ ကစားဖို့ အခွင့်အလမ်းကို ကျွန်တော် ရခဲ့ပါတယ်။ ဒီအရာတွေက ကျွန်တော် ဘယ်လိုသင်ယူပြီး တိုးတက်ပြောင်းလဲခဲ့သလဲ ဆိုတာပါပဲ။ သူ့အနေနဲ့ ကစားသမားဘဝတစ်လျှောက်လုံး မိခင်နိုင်ငံမှာ ကစားရတာကတော့ လွယ်ကူစေပါတယ်''ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
