၂၀၂၁-၂၂ ရာသီ ထိုင်းလိဂ်ပြိုင်ပွဲများ၏ ယခုတစ်ပတ်ပွဲစဉ်များကို ဇန်နဝါရီ ၂၂ ရက် နှင့် ၂၃ ရက်များက ဆက်လက်ကျင်းပခဲ့ရာ မြန်မာကစားသမားများထဲမှ မောင်မောင်လွင်၊ ကျော်ကိုကို၊ အောင်ကျော်နိုင်၊ ဆွမ်လမန်နှင့်အောင်ကောင်းမာန်တို ့မှာ ပွဲထွက်ကစားခွင့်ရခဲ့ပြီး အောင်သူ၊ ဇော်မင်းထွန်းတို ့မှာမူ လူစားဝင်ကစားခွင့်သာရရှိခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ ၂၃ ရက်က ကစားခဲ့သည့် ထိုင်းလိဂ်-၁ ပြိုင်ပွဲ ပွဲစဉ် ၁၈ တွင် အောင်သူ၏ ဘူရီရမ်အသင်းသည် ဘန်ကောက်ယူနိုက်တက်ကို (၁-၀) ဂိုးဖြင့် အနိုင်ရခဲ့သော်လည်း အောင်သူမှာမူ ပွဲကစားချိန် ၆၉ မိနစ်ရောက်မှသာ ဝင်ကစားခွင့်ရခဲ့သည်။
ယင်းနေ ့၏ ထိုင်းလိဂ်-၂ ပြိုင်ပွဲ ပွဲစဉ် ၂၀ တွင် အောင်ကောင်းမာန်၏ အူဒွန်ထာနီအသင်းမှာ မြောင်ကန်အသင်းကို (၁-၆) ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပြီး အောင်ကောင်းမာန်မှာမူ ပွဲချိန်ပြည့်ကစားခွင့် ရခဲ့သည်။
အောင်ကျော်နိုင်၏ ရနောင်းအသင်းမှာ ကျော်ကိုကို၏ Rayong အသင်း ကို (၁-၀) ဂိုးဖြင့် အနိုင်ရခဲ့ပြီး မြန်မာကစားသမားနှစ်ဦးစလုံးမှာ ပွဲထွက်ခွင့်ရခဲ့သော်လည်း အောင်ကျော်နိုင်မှာ ၈၆ မိနစ်၊ ကျော်ကိုကိုမှာ ၆၇ မိနစ်တို ့တွင် လူစားလဲခံခဲ့ရသည်။
ဇန်နဝါရီ ၂၂ ရက်က ကစားခဲ့သည့် ထိုင်လိဂ် -၂ ပြိုင်ပွဲ ပွဲစဉ် ၂၀ တွင် မောင်မောင်လွင်၏ လမ်ဖွန်အသင်းမှာ ဆူခိုထိုင်းအသင်းနှင့် တစ်ဂိုးစီသရေကျခဲ့ပြီး မောင်မောင်လွင်မှာမူ ပွဲချိန်ပြည့်ကစားခွင့်ရခဲ့သည်။
ဆွမ်လမန်၏ ထိုင်းရေတပ်အသင်းမှာ နာခွန်ပတ်သွမ်အသင်းကို (၂-၃) ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပြီး ဆွမ်လမန်မှာ ပွဲထွက်ကစားခွင့်ရခဲ့သော်လည်း ပွဲကစားချိန် ၇၄ မိနစ်တွင် လူစားလဲခံခဲ့ရသည်။
ဇော်မင်းထွန်း၏ ထရတ်အသင်းသည် ရတ်ပရာချာအသင်းကို (၁-၀) ဂိုးဖြင့် အနိုင်ရခဲ့သော်လည်း ဇော်မင်းထွန်းမှာမူ ပွဲပြီးခါနီးနာကျင်အချိန်ပိုရောက်မှသာ လူစားဝင်ကစားခွင့် ရခဲ့သည်။
မြန်မာ့လက်ရွေးစင်တိုက်စစ်ကစားသမားဖြစ်သည့် အောင်ကောင်းမာန်၏ အူဒွန်ထာနီအသင်းသည် COVID-19 ရောဂါကူးစက်မှုများကြောင့် Quarantine ဝင်ခဲ့ရ၍ ထိုုင်းလိဂ်-၂ ပြိုင်ပွဲ ဒုတိယအကျော့ ပြန်လည်စတင်သည့် ပွဲစဉ်နှစ်ပွဲကို ကစားခွင့် မရခဲ့ကြောင်း သိရသည်။
အောင်ကောင်းမာန်သည် ရာသီဝက်အပြောင်းအရွှေ ့ကာလမှ ရောက်ရှိခဲ့၍ ယခုတစ်ပတ်ပွဲစဉ်မှာ သူ၏ ပထမဆုံးကစားခွင့်ရသည့်ပွဲ ဖြစ်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
