ထိုင်းနိုင်ငံအတွင်း၌ မွန်အမျိုးသားရေး ဦးဆောင်သူတစ်ဦးဖြစ်သည့် နိုင်ဘန်ကဒီးသည် ယခုလ အောက်တိုဘာ (၂၄) ရက်က ထိုင်းနိုင်ငံတွင် ကွယ်လွန်သွားခဲ့ကြောင်း ၎င်းနှင့်နီးစပ်သည့် မွန်အသိုင်းအဝိုင်းများထံမှ သိရသည်။
၎င်း သည် ကွယ်လွန်ချိန်တွင် အသက် (၉၈)နှစ်ရှိပြီဖြစ်ကာ မွန်လူမျိုးတို့၏ လိုအပ်ချက်များကို တစ်ဘက်တစ်လမ်းက ဖြည့်စွက်ပေးခဲ့သည့်အပြင် မွန်လူမျိုးအတွက် ကျေးဇူးရှင်တစ်ဦးဖြစ်ကြောင်း မွန်နိုင်ငံရေးအသိုင်းအဝိုင်းက မှတ်ချက်ပြုပြောကြားသည်။
“သူက ထိုင်းနိုင်ငံထဲမှာ မွန်လူမျိုးတွေအတွက် ဩဇာရှိတဲ့သူတစ်ယောက်ပါ။ အရပ်ဖက်အဖွဲ့အစည်းတွေထဲမှာလည်း ပါတယ်။ မွန်အမျိုးသားညီလာခံမှာလည်း ပါဝင်တဲ့သူပေါ့။ မွန်လူမျိုးတွေအပေါ် ဩဇာရှိတဲ့သူပါ”ဟု မွန်ညီညွှတ်ရေးပါတီ ပြောခွင့်ရပုဂ္ဂိုလ် နိုင်သန်းရွှေက ဆိုသည်။
နိုင်ဘန်ကဒီးသည် မွန်လူမျိုးလွတ်မြောက်ရေးနှင့် အခြားဆက်စပ်သော အလုပ်များ၌ ပါဝင်ခဲ့ပြီး၊ မွန်ပြည်သစ်ပါတီအပါအဝင် မွန်အဖွဲ့အစည်းများက နိုင်ဘန်ကဒီးကို မွန်လူမျိုးအကျိုးပြုသူနှင့် လူမျိုးချစ်စိတ်ပြင်းပြသူအဖြစ် အသိမှတ်ပြုပြီး ချီးကျူးခံရသူဖြစ်ကြောင်း သိရသည်။
ထို့အပြင် ၁၉၅၈ ခုနှစ်တွင် မွန်ပြည်သူ့တပ်ဦး လက်နက်ချအလင်းဝင်ရောက်ပြီးနောက် နိုင်ဘန်ကဒီး၊ နိုင်ကျော်အိန် ၊ နိုင်လဝီမွန်၊ နိုင်ဒွတ်တို့ ဦးဆောင်၍ မွန်ပြည်တော်ပြန် တပ်တစ်ခု ပြန်လည်ထူထောင်ပြီးနောက် မွန်ပြည်သစ်ပါတီပေါ် ပေါက်ချိန်တွင် ပါဝင်အားဖြည့်ပေူခဲ့သူတစ်ဦးလည်းဖြစ်ကြောင်း သိရသည်။
ထို့နောက် မွန်ပြည်သစ်ပါတီသည် ၁၉၉၅ ခုနှစ်၌ တပ်မတော် နှင့် ပစ်ခတ်ရပ်စဲရေးသဘောတူခဲ့ပြီးနောက် မွန်ပြည်နယ်အတွင်း မွန်ညီညွှတ်ရေးအဖွဲ့(Mon Unity League – MU L) ကိုထူထောင်၍ ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ကြောင်း သိရသည်။
နိုင်ဘန်ကဒီး ၁၉၂၇ ခုနှစ်၊ အောက်တိုဘာလ (၂) ရက်တွင် ထိုင်းနိုင်ငံ ဘန်ကဒီးကျေးရွာ၌ မွေးဖွားခဲ့သော မွန်-ထိုင်းလူမျိုးတစ်ဦးဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
