၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပမည့် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက် ယှဉ်ပြိုင်မည့် ကရင်ပြည်နယ်ကိုယ်စားပြု အားကစားသမားများအား ကစားနည်းအလိုက် စခန်းသွင်း လေ့ကျင့်လျက်ရှိကြောင်း သိရသည်။
အဆိုပါ အားကစားပွဲတော်သို့ဝင်ရောက်ယှဉ်ပြိုင်မည့် ကရင်ပြည်နယ်ကိုယ်စားပြုကစားသမားများမှာ ဘားအံမြို့ပေါ်ရှိ အားကစားကွင်း၊ အားကစားရုံများတွင် စခန်းသွင်းလေ့ကျင့်လျက်ရှိရာ ယနေ့ အောက်တိုဘာ (၂၆) နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ကြက်တောင်ရိုက်အားကစားသမားများမှာ ဘားအံမြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ မိုးလုံလေလုံ အားကစားခန်းမ၌ စခန်းသွင်းလေ့ကျင့်နေပြီး ဂျူဒိုအားကစားသမားများမှာ ဘားအံမြို့၊ အမှတ်(၁)ရပ်ကွက်၊ ပဒုမ္မာလမ်းရှိ ဂျူဒိုအားကစားခန်းမတွင် စခန်းသွင်းလေ့ကျင့်လျက်ရှိကာ ဘတ်စကတ်ဘောအသင်းအနေဖြင့် ဘားအံမြို့၊ မိုးလုံလေလုံအားကစားခန်းမ၌ စခန်းသွင်းလေ့ကျင့်လျက်ရှိကြောင်း သိရသည်။
ထိုသို့ အားကစားသမာများ စခန်းသွင်းလေ့ကျင့်နေမှုကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲဝင်များနှင့် တာဝန်ရှိသူများမှ သွားရောက် ကြည့်ရှုအားပေးပြီး ကစားနည်းအလိုက် စခန်းသွင်းလေ့ကျင့်နေသော အားကစားသမားများ နေထိုင်စားသောက်ရေးအဆင်ပြေစေရန် စားရိပ်သာနှင့် အိပ်ဆောင်များအား ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့သည်။
ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ကရင်ပြည်နယ်အနေဖြင့် အားကစားနည်း (၂၃) နည်း၊ အားကစားသမားပေါင်း (၄၅၉) ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
ကစားသမားများ အောင်မြင်မှု ရရှိရေး ဘားအံမြို့ပေါ်ရှိ သက်ဆိုင်ရာ အားကစားကွင်း၊ အားကစားရုံများတွင် စခန်းသွင်းလေ့ကျင့်လျက်ရှိကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာ အားကစား ဆပ်ကော်မတီများနှင့် ဒေသခံများမှ လိုအပ်သည်များကို ကူညီဖြည့်ဆည်းပေးလျက်ရှိကြောင်း သိရသည်။




-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
