ဘာစီလိုနာအသင်းနည်းပြ ဗယ်လ်ဗာဒီ က အသင်းခေါင်းဆောင် မက်ဆီအနေဖြင့် ဒေါ့မွန်အသင်းနှင့်ကစားမည့် ချန်ပီယံလိဂ် အဖွင့်ပွဲတွင်ပါဝင်နိုင်ရန် မလွယ်ကူကြောင်း ဝန်ခံပြောကြားသည်။
မက်ဆီသည် ခြေသလုံးကြွက်သား ဒဏ်ရာကြောင့် သြဂုတ်လဆန်းကတည်းက အနားယူနေရခြင်းဖြစ်ပြီး ရာသီအဖွင့်ပွဲစဉ် လေးပွဲစလုံးကို လွဲချော်ခဲ့သလို စက်တင်ဘာ ၁၇ ရက်တွင် ဒေါ့မွန်အသင်းနှင့်ကစားရမည့် အဝေးကွင်းပွဲကိုလည်း ထပ်မံလွဲချော်ဖွယ်ရှိနေခြင်းဖြစ်သည်။
၎င်း၏အခြေအနေနှင့်ပတ်သက်၍ ဗလင်စီယာအသင်းနှင့်ပွဲမတိုင်မီ သတင်းစာရှင်းလင်းပွဲတွင် ဗယ်လ်ဗာဒီက ''ကျွန်တော်က ဆရာဝန်မဟုတ်ပါဘူး။ ဒါ ပေမဲ့ မက်ဆီရဲ့ဒဏ်ရာကတော့ နည်းနည်းတော့ကောင်းလာနေပြီလို့ ထင်ရပါတယ်။ အင်္ဂါနေ့ပွဲ (ချန်ပီယံလိဂ်) မှာ သူပါဝင်နိုင်ဖို့တော့ မလွယ်သေးပါဘူး။ သူက အရေးပါတဲ့ ကစားသမားဖြစ်လို့ တတ်နိုင်သမျှ အစောဆုံးတော့ ပြန်ကစားစေချင်ပါတယ်။ ဒါပေမဲ့ သူ့ကို ကြံ့ခိုင်မှုအပြည့် ပြန်ရစေချင်ပါတယ်။
ကျွန်တော်တို့က မက်ဆီမပါနိုင်တဲ့အကြောင်း အမြဲသတိထားပြီးပြောဆိုနေကြတာ သူက ကမ္ဘာ့အကောင်းဆုံး ကစားသမားဖြစ်လို့ပါ။ တကယ်တော့ သူမပါနိုင်တာကလည်း တခြားကစားသမားတွေအတွက် အခွင့်အရေးရစေပါတယ်''ဟု ပြောကြားသည်။
မက်ဆီသည် စက်တင်ဘာ ၁၅ ရက်တွင်မူ အသင်းဖော်များနှင့်အတူ လေ့ကျင့်ခန်း ပြုလုပ်နိုင်ခဲ့သောကြောင့် ပါဝင်နိုင်ခြင်းရှိမရှိ စောင့်ကြည့်ရမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
