နာပိုလီအသင်းတိုက်စစ်မှူး လော်ရန်တေးက မိမိအနေဖြင့် စပါးအသင်းအတွက် လီဗာပူးလ်အသင်းကို လက်စားချေလိုသည်ဟု လီဗာပူးလ်နှင့် ကစားမည့် ချန်ပီယံလိဂ်ပွဲကြိုအဖြစ် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
နာပိုလီအသင်းတိုက်စစ်မှူး လော်ရန်တေးက မိမိအနေဖြင့် စပါးအသင်းအတွက် လီဗာပူးလ်အသင်းကို လက်စားချေလိုသည်ဟု လီဗာပူးလ်နှင့် ကစားမည့် ချန်ပီယံလိဂ်ပွဲကြိုအဖြစ် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလအတွင်း နာပိုလီအသင်းသို့ ရောက်ရှိလာသည့် စပိန်ဝါရင့်တိုက်စစ်မှူး လော်ရန်တေးသည် ၂၀၁၈-၁၉ ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲ လီဗာပူးလ် (၂-၀) စပါးပွဲတွင် စပါးအသင်းအတွက် ပါဝင်ကစားခဲ့သူ ဖြစ်သည်။
လော်ရန်တေးက ယင်းချန်ပီယံလိဂ်ဗိုလ်လုပွဲအရှုံးမှာ နာကျင်နေဆဲဖြစ်ပြီး ယခုအခါ လီဗာပူးလ်အသင်းကို နာပိုလီအသင်းနှင့်အတူ လက်စားချေလိုသည်ဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။
လော်ရန်တေးက "ပြီးခဲ့တဲ့ ရာသီက ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ လီဗာပူးလ်ကို ရှုံးနိမ့်ခဲ့တဲ့အတွက် ကျွန်တော် နာကျင်စွာခံစားခဲ့ရပါတယ်။ အခု လီဗာပူးလ်နဲ့ ပြန်တွေ့တဲ့အချိန်မှာ နာပိုလီအသင်းနဲ့အတူ ကျွန်တော် လက်စားချေချင်ပြီး နာပိုလီဟာ လီဗာပူးလ်လို အသင်းကောင်းတစ်သင်းဖြစ်တယ်ဆိုတာကို သက်သေပြချင်ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲဟာ အလွန်ခက်ခဲတဲ့ ပြိုင်ပွဲဖြစ်ပေမယ့် ကျွန်တော်တို့အနေနဲ့ ဗိုလ်လုပွဲကို ရောက်နိုင်တဲ့ အင်အားရှိပါတယ်"ဟု ပြောကြားခဲ့သည်။
နာပိုလီအသင်းသည် အုပ်စု (E) တွင် လီဗာပူးလ်၊ KRC ဂျန့်၊ ဆာလ်ဇ်ဘာ့ဂ်အသင်းတို့နှင့်အတူ တစ်အုပ်စုတည်း ကျရောက်နေပြီး ယနေည (မြန်မာစံတော်ချိန် ဗုဒ္ဓဟူးနံနက် ၁:၃၀ နာရီ)တွင် အုပ်စုအဖွင့်ပွဲစဉ်အဖြစ် လီဗာပူးလ်အသင်းနှင့် အိမ်ကွင်း၌ လက်ခံကစားရမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
