မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ဖိလစ်ပိုင်ဆီးဂိမ်းစ်ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရန်အတွက် ပဏာမကစားသမား၃၆ ဦးဖြင့် ဖွဲ့စည်းထားပြီး စက်တင်ဘာ ၁၆ ရက် မှစ၍ လေ့ကျင့်မှု ပြုလုပ်လျက်ရှိကြောင်း သိရသည်။
မြန်မာအမျိုးသမီးအသင်းသည် အပတ်စဉ် တနင်္လာမှ သောကြာအထိ နံနက် ပိုင်းအချိန်များတွင် ရန်ကုန်မြို့ရှိ ဗဟန်းမြက်ခင်းတုကွင်း၌ လေ့ကျင့်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာအမျိုးသမီးအသင်းသည် ကစား သမား ၃၆ ဦးကို ၁၂ ဦးစီဖြင့် အသင်းသုံးသင်း ဖွဲ့စည်း၍ စက်တင်ဘာ ၁၉၊ ၂၁၊ ၂၃ ရက်တွင် အုပ်စုပတ်လည်ပုံစံယှဉ်ပြိုင်ကစားကာ လူရွေးပွဲကျင်းပမည်ဖြစ်ကြောင်း သိရသည်။
မြန်မာအမျိုးသမီးအသင်းနည်းပြချုပ် ဦးဝင်းသူမိုးသည် လူရွေးပွဲများအပြီးတွင် ကစားသမား ၁၀ ဦးလျှော့ချမည်ဖြစ်ပြီး ၂၆ ဦးဖြင့် ဆက်လက်လေ့ကျင့်မည်ဖြစ်ကြောင်း သိရသည်။
နည်းပြချုပ် ဦးဝင်းသူမိုးသည် လူရွေးပွဲအတွက် အသင်းသုံးသင်းဖွဲ့စည်းရာတွင် စီနီယာကစားသမားများနှင့် လူငယ်ကစားသမားများကို အချိုးကျပေါင်းစပ်၍ ဖွဲ့စည်း မည်ဖြစ်ကြောင်း သိရသည်။
မြန်မာအမျိုးသမီးအသင်းသည် ဖိလစ်ပိုင်ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် နှစ်လဝန်းကျင် အချိန်ယူပြင်ဆင်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာအမျိုးသမီးအသင်းသည် ဆီးဂိမ်းစ် ပြိုင်ပွဲမတိုင်မီ နိုင်ငံတကာခြေစမ်းပွဲများ ကစားခွင့်ရရန် ကြိုးပမ်းလျက်ရှိသည်။
မြန်မာအမျိုးသမီးအသင်း ပဏာမလူစာရင်း
ဂိုး-မေဇင်နွယ်၊ ဇာဇာမြင့်၊ သန္တာဦး၊ ဇူးလဲ့နဒီ၊ နောက်တန်း-အိရတနာဖြိုး၊ ဝေဝေအောင်၊ အေးအေးမိုး၊ ခင်သန်းဝေ၊ ခင်မျိုးဝင်း၊ ချစ်ချစ်၊ ခိုင်သဇင်၊ မေသက်မွန်မြင့်၊ ဖြူဖြူဝင်း၊ ဇွန်ယုယဦး၊ နန့်ဇူးဇူးထက်၊ အလယ် တန်း- ငယ်ငယ်ထွေး၊ ခင်မာလာထွန်း၊ ခင်မိုမိုထွန်း၊ လဲ့လဲ့လှိုင်၊ သင်းသင်းယု၊ မေသူကျော်၊ နော်ထက်ထက်ဝေ၊ ဝင်းဝင်း၊ မေဖူးကို၊ ပုံ့ပုံ့ပြည့်မောင်၊ မိုးမိုးသန်း၊ ခိုင်သဇင်ဦး၊ နွယ်နီဝင်း၊ နုနု၊ ခင်မိုးဝေ၊ ရှေ့တန်း-မြတ်နိုးခင်၊ ရီရီဦး၊ ဝင်းသိင်္ဂီထွန်း၊ စန်းသော်သော်၊ ဆွေမာအောင်၊ ဂျူလိုင်ကျော်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
