ချယ်လ်ဆီးအသင်းသည် စူပါကွန်ပျူတာ၏တွက်ချက်မှုအရ ချန်ပီယံလိဂ်အုပ်စုအဆင့်တွင် အေဂျက်စ်အသင်း၏ နောက် ဒုတိယနေရာသာ ရပ်တည်နိုင်မည်ဖြစ်ကြောင်း ခန့်မှန်းချက်ထွက်ပေါ်ခဲ့သည်။
ချယ်လ်ဆီးအသင်းသည် ယခုနှစ်ချန်ပီယံလိဂ်အုပ်စုအဆင့်တွင် အေဂျက်စ်၊ ဗလင်စီယာ၊ လိုင်လီတို့နှင့်အတူ ကျရောက်နေပြီး အုပ်စုဗိုလ်အဖြစ် ရှုံးထွက်အဆင့်တက်ရောက်နိုင်မည်ဟု သုံးသပ်မှုများရှိနေသည်။
သို့ရာတွင် အမေရိကန်အခြေစိုက် FiveThirtyEight ဝက်ဘ်ဆိုက်၏စူပါကွန်ပျူတာတွက်ချက်မှုအရ ချယ်လ်ဆီးအသင်းအနေဖြင့် အုပ်စုဒုတိယနေရာရပ်တည်ရန် (၃၁)ရာခိုင်နှုန်းအထိ ရှိနေပြီး ပြီးခဲ့သည့်ရာသီက ဆီမီးဖိုင်နယ်ရောက်ရှိခဲ့သည့် အေဂျက်စ်၏နောက်တွင်သာ ရပ်တည်နိုင်မည်ဟု ခန့်မှန်းခဲ့သည်။
ထို့ပြင် ယခုတစ်ပတ်၌ ချယ်လ်ဆီးနှင့်ရင်ဆိုင်ရမည့် ဗလင်စီယာမှာမူ တတိယနေရာသာရရှိမည်ဟု ဖော်ပြခဲ့သည်။
အုပ်စုတွင်းအားအနည်းဆုံး လိုင်လီအသင်းမှာမူ နောက်တစ်ဆင့်တက်နိုင်ခြေအနည်းဆုံးအဖြစ် (၂၀)ရာခိုင်နှုန်းသာရှိခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
