မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာသည် မော်လ်ဒိုက်နိုင်ငံ၌ ကျင်းပမည့် ကြက်တောင်ပြိုင်ပွဲနှစ်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန်အတွက် စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံမှ ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။
သက်ထားသူဇာသည် မော်လ်ဒိုက်နိုင်ငံ ၌ စက်တင်ဘာ ၁၇ ရက်မှ ၂၂ ရက်အထိ ကျင်းပမည့် Maldives International Future Series 2019 နှင့် စက်တင်ဘာ ၂၄ ရက်မှ ၂၉ ရက်အထိ ကျင်းပမည့် Maldives International Challenge ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ယင်းပြိုင်ပွဲများအတွက် မြန်မာနိုင်ငံမှ ထွက်ခွာသွားခြင်းဖြစ်သည်။
''အိုလံပစ်ပြိုင်ပွဲ ဝင်ရောက်ခွင့်ရဖို့အတွက် ယုံကြည်မှုအပြည့်ရှိပါတယ်။ ဒီကြားထဲမှာ ပြိုင်လို့ရတဲ့ ပြိုင်ပွဲတွေအားလုံးကို ဝင်ရောက်ယှဉ်ပြိုင်ပြီးတော့ အဆင်သင့်ဖြစ်အောင် ပြင်ဆင်သွားမှာပါ။ ကစားသမားတစ်ယောက်ဖြစ်နေတဲ့အတွက် ကိုယ်လုပ်စရာရှိတာတွေကို ဆက်လုပ်သွားမှာပါ''ဟု သက်ထားသူဇာက မီဒီယာများကို ဖြေကြားသည်။
သက်ထားသူဇာသည် ပြီးခဲ့သည့်သုံးလတာကာလအတွင်း ပြည်ပလေ့ကျင့်ရေးခရီးစဉ်သွားရောက်ခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် စက်တင်ဘာ ၁၀ ရက်မှ ၁၅ ရက်အထိ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် International Series 2019 ကြက်တောင်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
သက်ထားသူဇာသည် ယင်းပြိုင်ပွဲအပြီးတွင် အောင်မြင်မှု မရဘဲ ပူးတွဲတတိယဖြင့် ကျေနပ်ခဲ့ရပြီးနောက် အနားယူခြင်းမရှိဘဲ မော်လ်ဒိုက်နိုင်ငံသို့ ဆက်လက်ထွက်ခွာခဲ့ခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
