ရီးယဲလ်နှင့်ပွဲတွင် PSG အသင်း၏ အဓိကတိုက်စစ်မှူး (၃)ဦးစလုံး ပါဝင်နိုင်မည်မဟုတ်
24htopnews | October 27, 2024 1:12 AM CST
PSG အသင်း၏ အဓိကတိုက်စစ်မှူး(၃)ဦးဖြစ်သည့် နေမာ၊ ဘာပေနှင့် ကာဗာနီတို့သည် ယခုတစ်ပတ် ယှဉ်ပြိုင်က စားရမည့် ရီးယဲလ်အသင်းနှင့် ချန်ပီယံလိဂ်ပွဲတွင် ပါဝင်နိုင်မည်မဟုတ်ကြောင်း သိရှိရသည်။
ဘရာဇီးလ်တိုက်စစ်မှူး နေမာသည် ပြီးခဲ့သည့်ရာသီက မန်ယူအသင်းကို ရှုံးနိမ့်ခဲ့သည့်ပွဲတွင် ဒိုင်လူကြီးအား ဝေဖန်ခဲ့သည့်အတွက် (၃)ပွဲပယ်ပြစ် ဒဏ်ကျခံထားရခြင်းကြောင့်ဖြစ်ပြီး ဘာပေနှင့် ကာဗာနီတို့မှာ ဒဏ်ရာပြဿနာများကြောင့်ဖြစ်သည်။
PSG အသင်းက အဆိုပါကစားသမားများ ရီးယဲလ်နှင့်ပွဲကို လွဲချော်မည်ဖြစ်ကြောင်း တနင်္လာနေ့က အတည်ပြုခဲ့ပြီး ဘာပေနှင့် ကာဗာနီတို့သည် လာမည့်ရက်သတ္တပတ်အကုန်မှသာ လေ့ကျင့်မှုပြန်လည်ပြုလုပ်နိုင်မည်ဟုလည်း ဆိုခဲ့သည်။
ထို့ ကြောင့် အီကာဒီနှင့် ချူပိုမိုတင်းတို့သာ ပွဲထွက်ရဖွယ်ရှိနေကြောင်း သိရှိရသည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
