ဒေါ့မွန်နှင့်ပွဲအတွက် ဘာစီလိုနာအသင်း၏ ချန်ပီယံလိဂ်လူစာရင်းတွင် မက်ဆီပါဝင်လာ
24htopnews | October 27, 2024 1:12 AM CST
ဘာစီလိုနာအသင်း၏ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီသည် ဒေါ့မွန်နှင့်ပွဲအတွက် ဘာစီလိုနာအသင်းလူစာရင်းတွင် ပါဝင်လာခဲ့ကြောင်း သိရှိရသည်။
ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီသည် ရာသီကြိုကာလကတည်းက ခြေ သလုံးကြွက်သားဒဏ်ရာကြောင့် အနားယူနေခဲ့ရခြင်းဖြစ်ပြီး လာလီဂါပွဲစဉ်(၄)ပွဲစလုံးကို လွဲချော်ခဲ့သည်။
သို့သော် အသင်းဆေးအဖွဲ့က ပြန်ကစားနိုင်ပြီဟု ခွင့်ပြုချက်ပေးခဲ့သောကြောင့် တနင်္လာနေ့တွင် လေ့ကျင့်မှု ပြန်လည်ပြုလုပ်ခဲ့ပြီးနောက် ဂျာမနီသို့ထွက်ခွာမည့် အသင်း၏လူစာရင်းတွင် ပါဝင်လာခဲ့ခြင်းလည်းဖြစ်သည်။
ဘာစီလိုနာနည်းပြ ဗယ်လ်ဗာဒီက မက်ဆီကို ကြံ့ခိုင်မှုမပြည့်ဝဘဲ စွန့်စားအသုံးပြုရန် ဆန္ဒမရှိသော်လည်း မက်ဆီကမူ ဒေါ့မွန်နှင့်ပွဲတွင် ပါဝင်ကစားခွင့်ရရန် လိုလားနေကြောင်းလည်း သိရှိရသည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
