လင်ဂတ်အား ဆိုးလ်ရှားနှင့် မိုက်ဖီလန် သတိပေး
24htopnews | October 27, 2024 1:12 AM CST
မန်ယူကွင်းလယ်လူ လင်ဂတ်အား မန်ယူ အသင်းနည်းပြ ဆိုးလ်ရှားနှင့် လက်ထောက်နည်းပြ မိုက်ဖီလန်တို့က ဘောလုံးကို အာရုံစိုက်ကစားရန်အတွက် တွေ့ဆုံသတိပေးခဲ့ကြောင်း သိရှိရသည်။
လင်ဂတ်သည် ဘောလုံးကွင်းပြင်ပတွင် ဖက်ရှင်ကိစ္စရပ်များဖြင့် အာရုံများနေသည်ဟု ၎င်းတို့က ယူဆခဲ့ပြီး သီးခြားစီတွေ့ဆုံကာ သတိပေးခဲ့ခြင်းဖြစ်ကြောင်း Mirror သတင်းစာက ဖော်ပြခဲ့သည်။
လင်ဂတ်သည် ပြီးခဲ့သည့် ၂၀၁၈၊ ဒီဇင်ဘာလအတွင်းက သူ၏ကိုယ်ပိုင်ဖက်ရှင်အမှတ်တံဆိပ်ဖြစ်သော Be Yourself ဝတ်စုံများကို စတင်ရောင်းချခဲ့ပြီး ယင်းအမှတ်တံဆိပ် မိတ်ဆက်ပွဲအခမ်းအနားသို့ မန်ယူ အသင်းဖော်များအပါအဝင် နာမည်ကြီးကစားသမားများပါ တက်ရောက်ခဲ့သည်။
ဆိုးလ်ရှားနှင့် မိုက်ဖီလန်တို့သည် မကြာသေးမီကလည်း အသင်း၏အဓိကတိုက်စစ်မှူးတစ်ဦးဖြစ်သူ ရပ်ရှ်ဖို့ဒ်အား ဘောလုံးကို အာရုံစိုက်ပြီးကြိုးစားကစားရန် သတိပေးခဲ့ကြောင်း သိရှိရသည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
