လက်ရှိရာသီ စီးရီးအေချန်ပီယံဆုအတွက် အဓိကပြိုင်ဘက်အသင်းများဖြစ်လာနိုင်သည်ဟု သတ်မှတ်ခံထားရသော ဂျူဗင်တပ်စ်အသင်းနှင့် အင်တာမီလန်အသင်းတို့အကြား စကားလုံးတိုက်ပွဲများ စတင်မြင်တွေ့လာရပြီဖြစ် ပြီး အင်တာမီလန်အသင်းနည်းပြ ကွန်တီက ဂျူဗင်တပ်စ်နည်းပြ ဆာရီအား အင်အားကြီးအသင်းတစ်သင်းကို တာဝန်ယူနေရသည့် နည်းပြတစ်ဦးအနေဖြင့် ညည်းတွားမနေသင့်ကြောင်း ဝေဖန်တိုက်ခိုက်ခဲ့သည်။
ပြီးခဲ့သည့် စီးရီးအေပွဲစဉ်(၃)တွင် ဖီအိုရင်တီးနားအသင်းနှင့် ဂိုးမရှိသရေကျခဲ့ပြီးနောက် ဆာရီက အပူချိန်မြင့်မားသည့်အချိန်၌ ပွဲကစားခဲ့ရခြင်းအတွက် ညည်းတွားခဲ့သည်။
အဆုတ်ရောင်ရောဂါခံစားနေရသဖြင့် ဂျူဗင်တပ်စ်အသင်း၏ပွဲစဉ်များကို တာဝန်မယူနိုင်ခဲ့သည့် နည်းပြ ဆာရီအတွက် ဖီအိုရင်တီးနားအသင်းနှင့်ပွဲသည် အသင်းကို ပထမဆုံးတာဝန်ယူသောပွဲလည်းဖြစ်သည်။
ဖီအိုရင်တီးနား အသင်းနှင့်ပွဲအပြီးတွင် ဆာရီက ''ကျွန်တော်တို့အသင်း ပုံစံကောင်းမပြသနိုင်ခဲ့ပါဘူး။ ဒဏ်ရာပြဿနာကြောင့် လူစားလဲမှုအားလုံးလုပ်ခဲ့ရလို့ ပွဲအဖြေအပြောင်းအလဲဖြစ်နိုင်မယ့် ကစားသမားသစ်ကို အစားမထိုးနိုင်ခဲ့ပါဘူး။ ဖလောရင့်မှာ နေ့လယ်ပိုင်းကစားရတာဖြစ်လို့ အားလုံးအတွက်မလွယ်ကူဘဲ ကျွန်တော်တို့အသင်းဆိုရင် ဘောလုံးမကြာခဏဆုံးရှုံးခဲ့ပါတယ်''ဟု ပြောကြားခဲ့သည်။
ယင်းပြောကြားမှုများကို အင်တာမီလန်အသင်းနည်းပြ ကွန်တီက တုံ့ပြန်ခဲ့ရာ အီတလီမီဒီယာများက ချန်ပီယံဆုအတွက် အဓိကပြိုင်ဘက်ဖြစ်လာမည့်အသင်းနှစ်သင်း၏ နည်းပြများအကြား စကားလုံးတိုက်ပွဲများ စတင်ပြီဖြစ်ကြောင်းသုံးသပ်ရေးသား ခဲ့ကြသည်။
အင်တာမီလန်အသင်းသည် စီးရီးအေပွဲစဉ်(၃)တွင် အူဒီးနီးစ်အသင်းကို (၁-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့သဖြင့် ရာသီအစ (၃)ပွဲဆက်အနိုင်ရခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံး၌ ရပ်တည်နိုင်ခဲ့သည်။
အူဒီးနီးစ်အသင်းနှင့် ပွဲအပြီးသတင်းစာရှင်းလင်းပွဲတွင် အင်တာမီလန်အသင်းနည်းပြ ကွန်တီအား မီဒီယာများက ဂျူဗင်တပ်စ်အသင်းနည်းပြ ဆာရီ၏ ညည်းတွားမှုများအပေါ် ထင်မြင်ချက်တောင်းခံခဲ့ရာ ကွန်တီက ''ကျွန်တော် ဘာမှမပြောချင်ပါဘူး။ အင်အားကြီးအသင်းတစ်သင်းကို တာဝန်ယူထားရသူတစ်ဦးအနေနဲ့ တိတ်တိတ် လေးနေသင့်ပါတယ်။ ကျွန်တော်တို့အသင်းက အခုအချိန်မှာမှ ဘဏ္ဍာရေးဟန်ချက်ညီအောင်နဲ့ ဝင်ငွေတိုးတက်လာ အောင် ကြိုးစားနေရတာပါ''ဟု ပြောကြားခဲ့သည်။
ကွန်တီ၏ပြောစကားမှာ လွန်ခဲ့သည့်(၂)နှစ်က နာပိုလီအသင်းနည်းပြအဖြစ် ဆာရီဆောင်ရွက်ခဲ့စဉ်က ပြောခဲ့ဖူးသည့် စကားများကို ပြန်လည်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအချိန်က ဂျူဗင်တပ်စ်အသင်းကို နည်းပြကွန်တီ တာဝန်ယူနေပြီး နာပိုလီ- ဂျူဗင်တပ်စ်ပွဲအပြီးတွင် နည်းပြ ဆာရီက ဂျူဗင်တပ်စ်အသင်းသည် အမြဲတမ်းမျက်နှာသာပေးခံရကြောင်း၊ ဂျူဗင်တပ်စ်အသင်း၏ ဘဏ္ဍာရေးအင်အားကို နာပိုလီအသင်း မယှဉ်ပြိုင်နိုင်ကြောင်း ပြောကြားခဲ့ဖူးသည်။
ကွန်တီက စီးရီးအေပွဲစဉ်တိုင်းတွင် ရလဒ်ကောင်းစေရန် အာရုံစိုက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
ကွန်တီက ''အူဒီးနီးစ်နဲ့ပွဲဟာ ကျွန်တော်တို့အတွက် ခက်ခဲခဲ့ပေမယ့်(၃)မှတ်ရဖို့က အရေးကြီးပါတယ်။ စီးရီးအေပြိုင်ပွဲရဲ့ ပြိုင်ဆိုင်မှုအဆင့်အတန်းက ပိုပြီးမြင့်မားလာလို့ ပွဲစဉ်တိုင်းကို အမှားမခံဘဲ တိုက်ပွဲတစ်ပွဲလိုကစား သွားပါမယ်''ဟု ဆက်လက်ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
